"ကိုကို _ကျောင်းက ဓာတ်လှေကားကပျက်နေတာ၊ အခုထိလည်းမပြင်ရသေးဘူး။ လေးလွှာကို လှေကားနဲ့တတ်ရတာ အရမ်းမောတာပဲ ။ ခြေထောက်လည်းညောင်းတယ် "
ဂျီအွန်းဟာ နယ်ရုံးခွဲက မန်နေဂျာတစ်ယောက်နဲ့ Zoom Meeting လုပ်နေတုံး သူ့ဘေးနားရောက်လာတဲ့ ချွမ်းရွေ့ကြောင့် အစည်းအဝေးကို ခဏရပ်ပစ်လိုက်တယ်။
မန်နေဂျာဟာလည်း အလုပ်ကိစ္စပြောနေတုံး ရပ်လိုက်တဲ့ သူဌေးဖြစ်သူကြောင့် ကြောင်အသွားပေမယ့် သူ့ထက်ရာထူးကြီးသူမို့ ဒီအတိုင်းငြိမ်နေလိုက်ရတယ်။
လက်ထပ်ပွဲတုံးက သူတို့သူဌေးဟာ မျက်နှာတည်ကြီးနဲ့မို့ တစ်ဖက်လူကို သူတို့ဝန်ထမ်းတွေက စိတ်ပူခဲ့ရသေးတယ်။ သို့ပေမယ့် အစည်းအဝေးကိုတောင်ခဏရပ်ပစ်တယ်ဆိုတော့ သူ့ သူဌေးဟာ အိမ်ထောင်ဖက်ငယ်ငယ်ချောချောလေးကို အတော်အလေးပေးတာပဲ။
ဂျီအွန်း ရဲ့ လက်မောင်း ကို ဆုပ်ကိုင်ရင်း ချွမ်းရွေ့က ကျောင်းက အဆင်မပြေမှုကို တိုင်တယ်။ 'ကျောင်းမှာတစ်ခုခုအဆင်မပြေရင် ကိုကို့ ကို ပြော' လို့ သူမှာထားပေမယ့် အစည်းအဝေးလုပ်နေချိန်တွေဆို မနှောင့်ယှက်ပါနဲ့လို့ ပြောထားပါသေးတယ်။
မဖြစ်တော့ဘူး။ ရှန်ချွမ်းရွေ့ ကို မှတ်လောက်သားလောက်အောင် ဆူမှ ဖြစ်တော့မယ် ! !
"ကိုကို ပါမောက္ခချုပ်ကို ဖုန်းဆက်ပြောလိုက်မယ်။ မနက်ဖြန်ကျောင်းသွားရင် ဓာတ်လှေကားအကောင်းအတိုင်းဖြစ်နေစေရမယ် "
အတင်းလက်ထပ်ထားတာကို မကျေနပ်လို့ ရှန်ချွမ်းရွေ့ ကို လက်စားချေမယ့် ကင်ဂျီအွန်း ရဲ့ အစီအစဉ်ကတော့ တော်တော်ကို ဖြစ်မြောက်နေတာပါ ။
"ဟုတ် ကိုကို ။ အဲ့တာကြောင့် ကိုကို့ ကို အများကြီးချစ်တာ ၊ အာဘွား "
သူ့ပါးကို ဖြတ်ခနဲနမ်းပြီး ချွမ်းရွေ့ ဟာ ဂျီအွန်း ဘေးနားကနေ ပြေးထွက်သွားတော့တယ် ။
ဒီရှန်ချွမ်းရွေ့ ကတော့ ။ ဂျီအွန်း ကို ဘယ်လိုတွေနမ်းသွားတာလဲ ။ ပါး နဲ့ နှုတ်ခမ်းနဲ့တောင် မထိလိုက်တာကို ဘာကို အာဘွား လဲ !
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys