"သမီး ၊ ဟင်းထည့်စားလေ ။ ဗိုက်မဆာလို့လား"
"မဟုတ်ပါဘူး အမေ"
ညစာကိုစိတ်မပါသလို တို့ထိတို့ထိစားနေတဲ့ ဒါယွန်းကို အမေကစိတ်ပူသလိုမေးလာတာကြောင့် အပြုံးမပျက်ပြန်ဖြေလိုက်ရတယ်။ ဗိုက်မဆာတာမဟုတ်ပဲ နှလုံးသားလေး လုယူခံလိုက်ရလို့ ရင်ခံနေတယ်ဆိုတဲ့အကြောင်း အမေ့ကို ဘယ်လိုပြောရမလဲ။
သူမကိုရင်ခံအောင်လုပ်တဲ့တရားခံကတော့ သူမနဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး ထမင်းကို အားရပါးရစားနေတာများ။ သူမရဲ့တစ်ဖက်သတ်ရည်းစားလေးဆီက ဖုန်းနံပါတ်ရလာလို့ ကင်ဂျီအွန်းက တော်တော်ပျော်နေပုံပဲ။
"သမီး ၊ ဒီနေ့တိတ်ဆိတ်နေပါလား။ အရင်ကဆို ရစ်ခီရှန်ဆိုတဲ့ ကောင်လေးအကြောင်းပြောနေကြမလား။ ဒီနေ့တော့ မပြောပါလား။ ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ပါဘူး အမေရယ် "
ငိုချတော့မလိုဖြစ်နေတဲ့ အသံကိုကြားတော့ ကိုကြီးက ပြုံးစိစိဖြစ်နေတာမို့ ဒါယွန်းဟာ ခုံအောက်ကနေ ကိုကြီးရဲ့ခြေထောက်ကို လှမ်းပြီးနင်းပစ်လိုက်တယ်။
"အမေ ၊ သားစာလုပ်ရဦးမှာမလို့ အပေါ်တတ်တော့မယ်။
ကင်ဒါယွန်း ၊ အမေ့ကိုကူပြီး ပန်းကန်ဆေးပေးလိုက် ""ဟုတ် "
သူမကို တမင်ခိုင်းသွားတဲ့ ကိုကြီးကို ဒါယွန်းဟာ မျက်စောင်းတွေချည်းလှိမ့်ထိုးပစ်လိုက်တယ်။
ရည်းစားမတော်လိုက်ရတဲ့ crush ကို အသဲကွဲသီချင်းလေးဖွင့်ပြီး feel မလို့ပါဆို ပန်းကန်ကဆေးရဦးမယ်။
ဘဝကြီးက အရမ်းကို ခါးနေတာပဲကွာ !!-
အခန်းထဲရောက်တာနဲ့ ဂျီအွန်း ပထမဆုံးလုပ်တာက စတွေ့တဲ့နေ့မှာတင် ချစ်မိသွားတဲ့ နှလုံးသားငယ်လေးဆီကို ဖုန်းခေါ်လိုက်တာပဲ။
"အစ်ကို့ဖုန်းကို ကျွန်တော်မျှော်နေတာ" တဲ့ ။
တစ်ဖက်လူသဘောကျအောင် ဘယ်လောက်တောင် ပြောတတ်လိုက်လဲ။ ရှန်ချွမ်းရွေ့လေးက အရမ်းကိုတတ်တဲ့ကလေးလေး။ ကင်ဒါယွန်းကို ဝေဖန်ပြီးအမြဲပြောဆိုထားသမျှ အခုကိုယ်တိုင်ကြုံတော့မှ ကိုယ်ချင်းစာပေးတတ်လာပြီထင်တယ်။
YOU ARE READING
Paradise Of Minamz
FanficKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys