"ခေါင်းတွေကိုက်လိုက်တာ "
မနေ့ကလည်း ချွမ်ရွေ့ဟာ တစ်နေ့လုံး ငိုထားတဲ့အပြင် ညကလည်း မနက်လင်းခါနီးအထိ ငိုနေခဲ့တာမို့ အခုမနက်အိပ်ရာနိုးတော့ မျက်ရိုးတွေရော ၊ ခေါင်းကပါ က တဆစ်ဆစ်နဲ့ ကိုက်နေတော့သည်။
ဟျောင်းမရှိတာတစ်ရက်တည်းဆိုပေမယ့် ချွမ်ရွေ့ မျက်နှာဟာ သိသိသာသာကို ချောင်ကျသွားသည်။ မျက်လုံးတွေနီရဲကာ အင်္ကျီတွေ ဖရိုထရဲနဲ့ သူ့ပုံစံဟာ တော်တော်ကို ကြည့်ရဆိုးနေမှာ ။ ဒီအတိုင်းနေလို့ မဖြစ်သေးပါဘူး။ ဒီနေ့ဆို မေမေတို့က ခရီးကပြန်ရောက်ပြီမို့ သူတို့ကိစ္စကို မေမေ့ကို ဖွင့်ပြောပြီး ဖြေရှင်းဖို့ နည်းလမ်းရှာဦးမှ ။
အိပ်ရာက ထကာ မျက်နှာသစ်ဖို့ လုပ်တုံးပဲရှိသေးတယ်။အောက်ထပ်ကနေ ချိုးချိုးချွတ်ချွတ်အသံလိုမျိုး ကြားလိုက်ရတာမို့ တုန်လှုပ်သွားရသည်။ အရင်ကဆို ဟျောင်း အမြဲရှိနေတာမို့ သူ့အတွက် လုံခြုံတယ်ခံစားရတယ်။ ဟျောင်း နဲ့အတူ ရှိချိန်တိုင်း သူ့အတွက် ကြောက်စိတ်ဆိုတာ မရှိခဲ့ဘူး။
လက်ထဲမှာ ပန်အိုးတစ်ခုကို ကိုင်ပြီး အောက်ထပ်က အသံကြားရာနေရာကို ဖြေးဖြေးချင်းဆင်းသွားတော့ မီးဖိုခန်းထဲမှာ လူတစ်ယောက်ရှိနေတယ် ။ အရဲစွန့်ပြီး ပန်းအိုး နဲ့ ထုမယ်လို့ တွေးလိုက်ပေမယ့် ရင်းနှီးနေတဲ့ ကျောပြင်ကျယ်။
"ဟျောင်း - "
သူ့အသံကြောင့် လှည့်ကြည့်လာတဲ့သူဟာ နှစ်ယောက်မရှိနိုင်နဲ့ ကင်ဂျီအွန်း ။ သူမှားမြင်နေတာတော့ မဟုတ်ပါဘူးနော်။
"ချွမ်ရွေ့ _ အစောကြီး နိုးနေပါ- "
ဟျောင်း ရဲ့ အသံကို ကြားလိုက်ရတာမို့ ချွမ်ရွေ့ ဟာ ကင်ဂျီအွန်းကို ပြေးဖက်ပြီး ရင်ခွင်ထဲ တိုးဝင်မိတော့တာပဲ ။
သူ ဟျောင်းကို ဆုံးရှုံးလိုက်ရပြီထင်နေတာ ။ ဟျောင်း သူ့ဆီက ထွက်သွားပြီဆိုပြီး ဘယ်လောက်တောင် ကမ္ဘာပျက်ခဲ့ရလဲ။ရင်နှီးနေတဲ့ ရင်ငွေ့ နွေးနွေးကြောင့် ချွမ်ရွေ့ ဟာ ဟျောင်းရင်ဘတ်ကို မျက်နှာအပ်ပြီး ငိုမိတော့တာပဲ။
သူ့ခေါင်းလေးကို ပွတ်သပ်ပေးလာတာမို့ ချွမ်ရွေ့ ရဲ့ လက်သွယ်သွယ်တွေကလည်း ဟျောင်းရဲ့ရင်အုပ်ကိုလည်း တဘုန်းဘုန်း နဲ့ ထုလိုက်သေးသည်။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys