My Husband Is A Cool Man (Extra)

1.7K 163 46
                                    

"ဟျောင်း ၊ ကျွန်တော် ဟျောင်းအတွက် ကော်ဖီဖျော်ပေးမလို့ လုပ်နေတာ ၊ အဲ့တာ လက်ချော်ပြီး ခွက်ကွဲသွားတယ်"

အလုပ်လုပ်နေတဲ့ ဂျီအွန်း နားကို ကပ်ပြီး မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ချွမ်းရွေ့ ။
စောနတုံးကတောင် သူ့ဘေးကဆိုဖာမှာထိုင်ပြီး ဖုန်းသုံးနေတာပါ။ အဲ့တာကို ဒီအမွှေစိန်က ဘယ်အချိန်မီးဖိုချောင်ထဲရောက်သွားတာလဲ ။

"ဖန်ကွဲစတွေရော ရှသွားသေးလား။ ကိုယ့်ကို ပြဦး"

"ဟင့်အင်း။ ဘာမှမဖြစ်ဘူး"

"အေးဆေးမနေပဲ ဘာတွေလျှောက်လုပ်နေတာလဲ။ ကိုယ်ခိုင်းလို့လား "

သူမေးပြန်တော့လည်း ရှန်ချွမ်းရွေ့ဟာ မျက်နှာလေးမဲ့ပြီး ဘာမှမဖြေ။ သနားစရာမျက်နှာလေးနဲ့ ဂျီအွန်းသာသေချာထိန်းမထားရင် ရှန်ချွမ်းရွေ့ မွှေသမျှကို လိုက်ရှင်းနေရလောက်ပြီ။

ဂျီအွန်း က ချွမ်းရွေ့ ကို အိမ်အလုပ်တွေတော့လုပ်ခိုင်းပါတယ်။ ဒါပေမယ့် အိမ်သန့်ရှင်းရေး တို့လောက်ပါပဲ ။ မတော်တဆဖြစ်ရင်တောင် လူကို ထိခိုက်စေမယ့်အလုပ်တွေမဟုတ်ပါဘူး။  အခုလို ကော်ဖီတောင်တကူးတကဖျော်ပေးတယ်ဆိုမှတော့ ရှန်ချွမ်းရွေ့ သူ့ကို ဖားနေတာ သူသိတာပေါ့ ။ အကြောင်းပြချက်ကတော့ သူ့ရဲ့ ညီတစ်ဝမ်းကွဲ ဂင်ဂယူဗင် ဆိုတဲ့ ထောင့်မကျိုးလေး ။

အိမ်မှာ အေးဆေးနေနေတဲ့ ချွမ်းရွေ့ ကို ဖုန်းဆက်ပြီး ရုပ်ရှင်သွားကြည့်ရအောင်လို့ အဖော်စပ်တယ် ။ အိမ်က ကလေး ကလည်း ဒီလိုမျိုးဆို နှစ်ခါပြောစရာကို မလိုဘူး။ သူ့ကို မနက်ထဲက သွားမယ်တကဲကဲ နဲ့ ဂျီတိုက်နေတာ ။  ဒီရက်ပိုင်း သူအလျှော့ပေးတာများသွားလို့ ဒီကောင်လေး ဒီလောက်ဆိုးလာတာ ဖြစ်မယ်။

"လိုချင်တာရှိရင် အဲ့တာကိုတိုက်ရိုက်ပြော ။ ဖားတာမျိုးတွေ မလုပ်ရဘူး။ ကိုယ်လည်းမကြိုက်ဘူး "

ဒါဟာ ချွမ်းရွေ့ ကို ရင့်ကျက်အောင်ပါ တခါတည်းဆုံးမလိုက်တာဖြစ်တယ်။ လောကမှာ ဖားနေရုံ ၊ အောက်ကျခံရုံနဲ့ ဘယ်အရာကိုမှ အဆင်ပြေမသွားဘူးလေ ။

ပြီးတော့ သူ့ရဲ့တစ်ဦးတည်းသောလူဖြစ်တဲ့  ရှန်ချွမ်းရွေ့ (တစ်နည်း) ကင်ချွမ်းရွေ့ ဟာ ဘယ်သူ့ကိုမှ အောက်ကျို့စရာမလိုဘူး။ ယုတ်စွအဆုံး ကင်ဂျီအွန်း ဆိုတဲ့ သူ့ ကိုတောင်မှပေါ့။  သူဟာ ရှန်ချွမ်းရွေ့ ကို အားလုံးထက်အမြင့်မှာပဲ ထားမယ့်သူ။

Paradise Of MinamzWhere stories live. Discover now