No, He can't read my Poker Face

804 94 69
                                    

Norway ရှိဆေးရုံတစ်ခုရဲ့ ဦးနှောက်နှင့်အာရုံကြောဌာန။
ထိုဌာနရဲ့ လူနာဆောင်ကလူနာတွေကို တစ်ယောက်ချင်းလိုက်စစ်ဆေးကာ round လှည့်နေတဲ့ ဖြူဖြူအရိပ်လေးတစ်ခု။

ထိုအရိပ်လေးဟာ လူနာတွေကိုကြည့်လိုက်၊ ဆေးရုံမှတ်တမ်းမှာတစ်ခုခုရေးလိုက်နဲ့ အလုပ်ရှုပ်နေပေမယ့် အချိန်တစ်ခုအကြာမှာတော့ သူ့အာရုံကိုလူနာတွေဆီကနေ တခြားတစ်ခုဆီလွှဲပြောင်းလိုက်တယ်။ လက်ကောက်ဝတ်ကနာရီဟာ 5 နာရီကိုပြနေပြီမို့ ဖတ်လက်စ file ကိုသိမ်းလိုက်ကာ အလုပ်နားဖို့အတွက် နားနေခန်းဆီပြန်လာလိုက်တော့သည်။ သူ့အလုပ်ချိန်ပြီးပြီမို့ သူ့နေရာမှာ တခြားဆရာဝန်ကရောက်လာမှာပဲမလား။

"Doctor, Duty ပြီးသွားပြီလား"

"အင်း။ အခုပဲ အိမ်ပြန်တော့မလို့"

နှုတ်ဆက်လာတဲ့သူနာပြုကို အပြုံးနဲ့ပြန်တုံ့ပြန်လိုက်တော့ သူ့ထက်အသက်ပိုကြီးတဲ့ထိုအမျိုးသမီးဟာ ခေါင်းတညိတ်ညိတ်နဲ့။ ဒီပုံစံဟာ ဆေးရုံမှာပျံ့နေတဲ့စကားအတိုင်း ဒေါက်တာရစ်ခီရှန်ဟာ ပညာတော်သလိုအပြုအမူကောင်းတွေရှိတယ်ဆိုတဲ့အတိုင်းပေါ့။

ဂျူတီကုတ်ကိုဝတ်ထားပြီး လျှောက်လမ်းတစ်လျှောက် ခြေတံရှည်တွေနဲ့လျှောက်လာတဲ့ ထိုအမျိုးသားဟာ မင်းသားလို့ထင်ရတဲ့အထိ ရုပ်ရည်ချောမောလွန်းတယ်။
အာရှသားဆိုပေမယ့် အနောက်နိုင်ငံကလူတွေ‌တောင် သဘောကျရတဲ့အထိ ရုပ်ရည်ရော၊ အပြုအမူကောင်းတွေရောနဲ့ပြည့်စုံတယ်။ သို့ပေမယ့် ဒီအမျိုးသားရဲ့ နှလုံးသားဟာ ဘယ်သူမှဝင်လို့မရအောင်အထိ တစ်စုံတစ်ယောက်နဲ့တင် ပြည့်နှက်နေခဲ့ပြီ။

တနေကုန်ဆေးရုံမှာပင်ပန်းသမျှ မျက်နှာလေးမြင်ပြီးအမောပြေရဖို့အတွက် နားနေခန်းကို ခြေလှမ်းကျဲတွေနဲ့အမြန်လျှောက်တယ်။ ပုံမှန်ဆိုရင် သူအလုပ်ကပြန်လာချိန်ကို  အိမ်မှာစောင့်နေတတ်ပေမယ့် ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းသူ့အလုပ်ဆီ လိုက်လာခဲ့တာမလား။

နားနေခန်းတံခါးကိုဖွင့်လိုက်တာနဲ့ ရစ်ခီ့ကိုမြင်တော့ ဆိုဖာမှာထိုင်နေရင်းက သူ့ကိုပြုံးပြလာတဲ့အမျိုးသားတစ်ယောက်။
လက်ထဲမှာကိုင်ထားတဲ့ဆေးစာအုပ်ကြောင့် မျက်မှောင်ကျုံ့မိသွားပေမယ့် ခဏတွင်းချင်းမှာတင် အပြုံးတွေဖန်တီးယူလိုက်ကာ ထိုအမျိုးသားဆီလျှောက်သွားလိုက်တော့တယ်။

Paradise Of MinamzWhere stories live. Discover now