Warning - 101% လောက် Babying ထားတာမို့ တချို့ဇာတ်ဝင်ခန်းတွေက real life နဲ့ကွဲလွဲနိုင်ပါတယ်။
....................
တင် တင် တင် တင်
တိတ်ဆိတ်နေတဲ့အစည်းအဝေးခန်းထဲ မြည်လာတဲ့ဖုန်းသံကြောင့် အကုန်လုံးရဲ့မျက်နှာဟာ ရေခဲလိုအေးခဲသွားတော့သည်။ အကုန်လုံးရဲ့အကြည့်တွေဟာ မတိုင်ပင်ထားပေမယ့် ခုံတန်းရှည်ကြီးရဲ့ ထိပ်ဆုံးမှာထိုင်နေတဲ့ ကင်ဂျီအွန်းဆီ ရောက်သွားကြတော့သည်။
"အစည်းအဝေးလုပ်နေတာ နားမလည်ဘူးလား !
ဘယ်သူ့ဖုန်းလာနေတာလဲ ! "ကင်ဂျီအွန်းဟာ စည်းစနစ်ရှိတယ်။ တိကျတယ်။ သပ်ရပ်တယ်။ အားလုံးခြုံငြုံပြောရမယ်ဆိုရင် ပြီးပြည့်စုံတယ်။
သူ့ကိုယ်သူလည်း အရမ်းယုံကြည်မှုမြင့်လွန်းတာမို့ အရှိန်အဝါတစ်ခုကရှိနေခဲ့တယ်။ တစ်ဖက်ကနေလည်း တအားစည်းကမ်းကြီးပြီး ဇီဇာကြောင်တတ်တဲ့ အဆိုးတွေကရှိနေသေးတယ်။အလုပ်ချိန်ကို နောက်ကျမခံတာမျိုး၊ အစည်းအဝေးကိုပျက်စေမယ့်အရာတွေကိုလည်း လက်မခံဘူး။ အခုလိုမျိုး အစည်းအဝေးလုပ်နေချိန်ဖုန်းလာတာတော့ ပိုဆိုးတာပေါ့။
"ဘယ်သူ့ဖုန်းလဲလို့ ငါမေးနေတယ်လေ"
ဂျီအွန်းရဲ့ ဟောက်သံကြောင့် အစည်းအဝေးခန်းထဲကလူတွေက လန့်ပြီးခန္ဓာကိုယ်တွေတောင်အနောက်ရို့သွားရတယ်။ အသက်ငယ်ပေမယ့် သူတို့ကိုတောင်အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိသူဆိုတော့ မလွန်ဆန်ရဲတာမဆန်းဘူးလေ။
"အခုလာနေတာ Boss ရဲ့ ဖုန်းပါ"
စားပွဲပေါ်ကမြည်နေတဲ့ဖုန်းလေးဟာ သေချာပေါက် သူ့ဖုန်းမို့ ဂျီအွန်းဟာ အရှက်ပြေချောင်းဟန့်လိုက်ရတယ်။ သို့ပေမယ့် မကြာလိုက် ။ ခေါ်ဆိုသူနာမည်ကြောင့် ခဏလေးတောင်အချိန်မဆွဲနိုင်ပဲ အမြန်ကောက်ကိုင်လိုက်ရတယ်။
"ဟယ်လို ၊ ကလေးလေး"
ဂျီအွန်းဟာ စောနကဝန်ထမ်းတွေကို အော်ဆူနေတဲ့လေသံနဲ့ကွဲလွဲစွာ ကြံသကာပေါ်ပျားရည်လောင်းထားတဲ့ အသံမျိုးချက်ချင်းဖြစ်သွားတော့သည်။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys