ပထမဆုံးကျောင်းဖွင့်ရက်မို့ Seoul University ရဲ့ ပင်မဆောင်မှာ ကျောင်းသားတွေ ရှုပ်ရှပ်ကိုခတ်လို့ ။ စီနီယာတွေက အေးဆေးဖြစ်ပေမယ့် အခုမှ ပထမနှစ်ကျောင်းသားတွေကတော့ အခန်းရှာရတာနဲ့ ဖတ်စာအုပ်ဝယ်ရတာနဲ့ ခြေချင်းကိုလိမ်လို့ ။ ဒီလိုခြေချင်းလိမ်တဲ့ထဲမှာ အခုမှ ကိုရီးယားမြေကို ခြေချဖူးတဲ့ ရှန်ချွမ်းရွေ့ ဆိုတဲ့ သူလည်း အပါအဝင်။
နာမည်ကြီး Seoul University မှာ တတ်ချင်လွန်းလို့သာ အရဲစွန့်ပြီး တရုတ်ကနေ ပြောင်းလာခဲ့တာ၊ အသိလည်းမရှိတာမို့ ကျောင်းစဖွင့်ခါစမှာ တစ်ယောက်တည်း။ အခန်းရှာမရလို့ တခြားသူတွေကို မေးမယ်လုပ်ပြန်တော့လည်း သူတို့အလုပ်နဲ့သူတို့မို့ ချွမ်းရွေ့ဟာ ထိုင်ခုံလေးမှာပဲ ငြိမ်ငြိမ်လေးထိုင်နေလိုက်တော့တယ်။
စိတ်ညစ်နေတာမို့ ဆူပုတ်ပုတ်နဲ့ထိုင်နေရင်း အကြည့်ဟာ သူနဲ့မျက်စောင်းထိုးထိုင်ခုံက အစ်ကိုကြီးတစ်ယောက်ဆီ ရောက်လို့သွားတယ်။ ကျောင်းဝတ်စုံအပေါ်ကနေ အပြာရောင်ကုတ်ထပ်ဝတ်ရင် ဒုတိယနှစ် ၊ အနီရောင်ကုတ်ထပ်ဝတ်ရင် တတိယနှစ်ဆိုတဲ့ Uniform ခွဲခြားထားမှုကြောင့် အနီရောင်ကုတ်အင်္ကျီနဲ့ ဒီအစ်ကိုကြီးဟာ တတိယနှစ်မှန်းတန်းသိလိုက်တာမို့ ချွမ်းရွေ့ဟာ အရဲစွန့်ပြီး ထိုထိုင်ခုံနားကို တိုးသွားလိုက်တယ်။
စာအုပ်ထိုင်ဖတ်နေတဲ့ ဒီအစ်ကိုကြီးဟာ သဘောကောင်းပုံရတာမို့ သူအနားသွားရင် အော်တော့မထုတ်လောက်ဘူးထင်ပါတယ်။
"ဟိုလေ -- မေးစရာရှိလို့ ဟျောင်း "
ခုံလေးကို လက်ဆစ်လေးနဲ့ တတိတိခေါက်ရင်းပြောလိုက်တော့ ထိုအစ်ကိုကြီးဟာ ချွမ်းရွေ့ကို မော့ကြည့်လာတယ်။
ဘာစကားမှပြောမလာပေမယ့် ငြင်းဆန်ပုံမရတဲ့မျက်နှာထားကြောင့် ချွမ်းရွေ့ဟာ သိချင်တာကို မေးလိုက်တော့တယ်။"ပထမနှစ် Social Science အခန်းက ဘယ်နားမှာလဲဟင်။ ရှာမတွေ့လို့ ဟျောင်းက ကူညီပေးလို့ရမလား "
သူ့ရှေ့မှာ ကုပ်ကုပ်လေးလာရပ်ရင်း မျက်နှာငယ်လေးနဲ့ လာပြောနေတဲ့ ပထမနှစ်ကောင်လေးက ဂျီအွန်းမျက်လုံးထဲမှာတော့ အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။ ကျောင်းဝတ်စုံအဖြူရှပ်အပြင် အပေါ်ကနေ အဝါရောင်ဟူဒီလေးထပ်ဝတ်ထားတဲ့ ကောင်လေးက ဂျီအွန်းအတွက်တော့ ဘဲပေါက်လေးလို။ ဒီကောင်လေးကိုအခုမှ စတွေ့ဖူးတာဆိုပေမယ့် ဂျီအွန်းစိတ်ထဲတော့ ငယ်ငယ်ထဲကပဲတွေ့ခဲ့ကြသလို ဂရုဏာ၊မေတ္တာတွေနဲ့။ အနားသာခေါ်ထားပြီး ဖက်ထားလိုက်ချင်တော့တယ်။
YOU ARE READING
Paradise Of Minamz
FanfictionKim JiWoong & Ricky Shen [ One short collection ] Thank For Book Cover , My Vitamin@Rhys