8 Letters

1.6K 168 73
                                    

Hotel တစ်ခုထဲ မင်္ဂလာသီချင်းသံက နားဝင်ချိုစရာကောင်းအောင် ပျံ့လွင့်နေတယ်။ ပွဲကိုလာတဲ့ ဧည့်သည်တွေထဲမှာ သူမသိတဲ့သူပါလည်း ချွမ်းရွေ့ က ပြုံးပြနေရပြန်တယ်။

Suit အမဲဝတ်ထားပြီး blonde hair နဲ့ ချွမ်းရွေ့ဟာ ပွဲခင်းထဲမှာ ထင်းနေရောပဲ။ လူတိုင်းကို ဧည့်ခံနေတဲ့ အစ်ကို့အမေနဲ့ မျက်လုံးချင်းဆုံတော့ ချွမ်းရွေ့ဟာ ကလေးတစ်ယောက်လို ရယ်ပြလိုက်မိသည်။ မင်္ဂလာပွဲတစ်ခုက ဒီလောက်ထိပျော်ဖို့ကောင်းတာလား သူမသိပေမယ့် အစ်ကိုအမေနဲ့ သူ့မာမားကတော့ ပြုံးလို့။

အစ်ကိုကရော ။ အစ်ကိုကတော့ ခန်းမအစွန်ကခုံမှာထိုင်နေတဲ့ သူ့သူငယ်ချင်းတွေနဲ့ စကားရပ်ပြောနေလေရဲ့ ။ စကားပြောနေတဲ့ အစ်ကို့ကို ချွမ်းရွေ့က အကြည့်မလွဲပဲ ငေးကြည့်နေမိတယ်။ သူ့အပေါ် သိပ်ကောင်းလွန်းတဲ့ အစ်ကို့ကို သူချစ်ခဲ့မိတာ နောင်တမရဘူး။

ကင်ဂျီအွန်း ဆိုတဲ့ အစ်ကိုက ချွမ်းရွေ့အတွက်တော့ အချစ်ဦး၊ အချစ်ဆုံး ။ ကလေးဘဝထဲက အစ်ကိုတစ်ယောက်တည်းကိုပဲ သူချစ်ခဲ့ဖူးတာ ။

ဘယ်လောက်တောင် ငေးကြည့်နေမိလဲ သူမသိ။ မင်္ဂလာပွဲစတော့မယ်လို့ မာမားလာသတိပေးမှ သူ့မှာ အသိပြန်ဝင်တယ်။

လျှောက်လမ်းကနေလျှောက်လာတဲ့သူ့ကို  အစ်ကိုက ခန်းမရဲ့ ထိပ်ဆုံးနေရာကနေ ရပ်ပြီးစောင့်နေလေရဲ့ ။
လမ်းလျှောက်နေရင်းနဲ့ သူ့နှလုံးသားထဲထိ ဆန်တတ်လာတဲ့ ခံစားချက်တွေကြောင့် ချွမ်းရွေ့ ဟာ ခြေလှမ်းမမှားအောင် ဂရုစိုက်နေရတယ်။

သူ့ကိုပဲငေးကြည့်နေတဲ့ အစ်ကို့ ကို ချွမ်းရွေ့က အကြည့်လွှဲဖို့ မျက်စပစ်ပြရသေးတယ်။ ဒါပေမယ့် အစ်ကိုက မသိချင်ယောင်ဆောင်ပြီး ချွမ်းရွေ့ကိုပဲ ငေးနေတော့တာ။

လျှောက်လမ်းဆုံးခါနီးတော့ အစ်ကိုက သူ့ဆီလက်ကမ်းပေးလာတယ်။ နောက်ဆုံးအကြိမ်အနေနဲ့ အစ်ကို့ကို အလှပဆုံးပြုံးပြရင်း လက်မောင်းမှာချိတ်ထားတဲ့ သူ့အစ်မ ရှန်ချင်းယွဲ့ ရဲ့ လက်ကို အစ်ကို့လက်ဆီ လွှဲပြောင်းပေးလိုက်တော့တယ်။

အစ်ကိုတို့နှစ်ယောက်လက်ချင်းချိတ်သွားတဲ့အချိန်မှာတော့ ချွမ်းရွေ့ဟာ ဘယ်သူမှမသိအောင် မျက်ရည်ခိုးကျရတယ်။
အစ်ကို့ကို ပိုင်ဆိုင်သွားတာ တခြားသူမှမဟုတ်ပဲ ၊ သူ့ရဲ့တစ်ဦးတည်းသော အစ်မလေ။ သူ မရယ်ပြုံးနိုင်ရင်တောင် ငိုနေဖို့တော့ မသင့်တော်ဘူး။

Paradise Of MinamzWhere stories live. Discover now