Ep-3

127 8 2
                                    

Unicode>>

" လာပါ ကိုကိုရာ ဘာမှပြန်ပြောမနေနဲ့တော့ ဗြူကင်း အိပ်ချင်နေပြီ လာ "
" အင်း "
ဗြူကင်း၏ အိပ်ခန်းသို့ ပီပီခရစ် မရောက်တာကြာပြီဖြစ်သည် ။ ငယ်စဥ်က ဝင်ထွက် သွားလာနေသော မစိမ်းသက်သည့်နေရာသည် ပီပီမရောက်ဖြစ်သည့် နှစ်အနည်းငယ်အတွင်းပင် ပြောင်းလဲသွားခဲ့၏။ ယခင်က ကလေးဆန်သော အသုံးအဆောင်များနှင့် ချစ်စရာအခန်းငယ်သည် ယခုမူ လူပျိုပေါက်တစ်ယောက်၏  အသုံးအဆောင်များနှင့် အခန်းနံရံသည်လည်း အရောင်အရင့်ကိုသာသုံးထား၏ ။ ထိုအရောင်မှာ မည်သည့်အရောင်ဖြစ်မှန်း ပီပီခရစ် သေချာမခွဲနိုင်ပေ ။ အရောင်များအား ရောစပ်ထားသည်ဟုသာ ထင်မှတ်မိသည် ။

အခန်းအား လှည့်ပတ်ကြည့်ပြီး၍ ထိုကလေးအား ဝေ့ဝဲရှာမိသောအခါ ညဝတ်အင်္ကျီလဲဝတ်နေ၏ ။ ထိုကလေး၏ ခန္ဓာကိုယ်အချိုးအစားသည် သာမန်လူပျိုပေါက်တစ်ယောက်၏ ခန္ဓာကိုယ်ထက် အနည်းငယ်ကြီးသယောင် ။ ထို့ကြောင့် ပီပီခရစ်၏ ခန္ဓာကိုယ်သည် သေးနေသည်မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်သည်သာ အရွယ်နှင့်မလိုက်အောင် ကြီးထွားနေသည်ဟုသာ ခပ်ညစ်ညစ်ကလေး တွေးတောလိုက်သည် ။ ထိုသို့တွေးတောနေစဥ် နှုတ်ခမ်းပါးပါးလေးသည် အနည်းငယ်တွန့်ကွေးနေသယောင် ။

ဗြူကင်း ညဝတ်အင်္ကျီ လဲပြီး၍ ကိုကို့အား လှည့်ကြည့်လိုက်ရာ သူ့အားကြည့်နေ၍ ပြုံးနေသည်ကိုတွေ့၏ ။ မျက်လုံးသည် တစ်နေရာထဲ၌စိုက်ကြည့်နေသည်ဖြစ်၍ ကိုကို အတွေးလွန်နေမှန်းသိပြီဖြစ်သည် ။

" ကိုကို ဗြူကင်း ခန္ဓာကိုယ်က အဲ့လောက်တောင်ကြည့်ကောင်းလို့လား "
" ဟင် "
ထိုသို့မေးလိုက်မှ အိပ်မက်ယောင်သူလို အတွေးတွေဆီမှ ရုန်းထွက်နိုင်ခဲ့ပုံပေါ်သည် ။
" ကိုကို ကြည့်ချင်သေးရင် ဗြူကင်း အင်္ကျီ ချွတ်လိုက်မယ်လေ ကြည့်ရုံတင်မဟုတ်ဘူး ကိုင်ကြည့်လို့ပါရတယ် "
" မင်း  မင်းကို ကြည့်တယ်လို့ဘယ်သူပြောလဲ ငါ မကြည့်ပါဘူး "
" လူကြီးဖြစ်ပြီး လိမ်ပြောတာ မကောင်းဘူးဆိုတာ ကိုကို မသိဘူးလား "
" မလိမ်ဘူး ငါတကယ်ပြောတာ အိပ်ချင်ပြီ အခန်းလိုက်ပို့ပေး "
" ဘယ်အခန်းကိုပြောနေတာလဲ "
"ငါ အိပ်ရမယ့်အခန်းလေ မင်းပဲ ဒီမှာပဲ အိပ်ဆို "
" အိမ်မှာ အခန်းပိုမရှိဘူး ကိုကိုက ဗြူကင်းနဲ့ အိပ်ရမှာ "
" ဒီလောက် အိမ်အကြီးကြီးကို အခန်းပိုမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး "
" ရှိလည်း မအိပ်ခိုင်းဘူး ကိုကို ဒီမှာပဲအိပ်ရမယ် "
မဖြစ်နိုင်ပါ ။ ဒီလောက် အိမ်အကြီးကြီးတွင် အခန်းပိုမရှိဘူးဆိုသည်မှာ မဖြစ်နိုင်။ ပီပီခရစ်တို့အိမ်သည် ဗြူကင်းတို့အိမ်နှင့် ယှဥ်လျှင် သေးငယ်၏။ ဗြူကင်းတို့ အိမ်လောက် မထည်ဝါပေ ။ ထိုသို့အိမ်တွင်ပင် ဧည့်သည်လာလျှင် နားခိုရန် အခန်းပိုများထည့်သွင်းထား၏။ သို့ဖြစ်၍ ဤကဲ့သို့ အိမ်အကြီးကြီးတွင် အခန်းပိုများမပါသည်မှာ ထူးဆန်းဖွယ်ရာပင်ဖြစ်သည် ။

ONEWhere stories live. Discover now