Ep-6

72 7 0
                                    

Unicode>>

ကိုကိုသည် ပြောရင်ပြောသည့်အတိုင်းလုပ်သောသူဖြစ်သည် ။ မင်းကို စာဆက်မသင်ပေးဘူးဟုပြောသွားသည့်အတိုင်း ထိုနေ့မှစ၍ ကိုကို့ကို သူမတွေ့ရတော့ပေ။ ကိုကိုသည် သူ့အားအတွေ့မခံဘဲ ရှောင်နေတော့သည် ။ ဗြူကင်းသည်လည်း ကိုယ့်အပြစ်နှင့် ကိုယ်ပေမို့ ကိုကို့အား စာပြန်သင်ပေးရန် အတင်းအကျပ်မပြောလိုပေ ။

"သား မာမီ့ကိုလည်း ပြောပြပါဦး သားသားလေးနဲ့ ဘာဖြစ်ကြတာလဲ "
" ဘာမှမဖြစ်ပါဘူး "
" မင်း မာမီ့ကို မလိမ်နဲ့နော် အဲ့နေ့ကတည်းက သားသား ဒီအိမ်ကို မလာတော့တာပဲ မင်းတို့နှစ်ယောက် တစ်ခုခု ဖြစ်ကို ဖြစ်တယ်"

မပြောမချင်း မေးနေမည့် မာမီ့အကြောင်း သိသဖြင့် ထိုနေ့ကအကြောင်း မာမီ့ကို အကုန်ပြောပြလိုက်သည် ။ ထို့နောက် မာမီ့ဆီမှ အပြစ်တင်ခြင်းကိုပါ ခံလိုက်ရသည် ။

"မင်း ဘယ်လိုတောင် သားသားစကားကို အလေးမထားရတာလဲ သားသားမှာတော့ အချိန်ပိုင်းအလုပ်ပြီးပြီးချင်း ထမင်းမစားနိုင်ဘဲ မင်းစာသင်ချိန်နောက်ကျမှာစိုးလို့ တန်းလာရတာ ဒီရောက်တော့ မင်းက သားသားကို ဒီလိုဆက်ဆံလိုက်တာပေါ့ "

" ဗြူကင်း အဲ့လိုမျိုးဖြစ်ဖို့ မရည်ရွယ်ပါဘူး ကိုကို့ကို မာမီတို့ ထင်တာထက် ပိုအလေးထားပါတယ် ဒါပေမယ့် အဲ့နေ့က Buppha က ဗြူကင်းကို သူ့မွေးနေ့မှာရှိစေချင်လိုတဲ့ ပြီးတော့ တစ်ရက်တစ်လေပဲဆိုပြီး ဗြူကင်းနေလိုက်မိတာ "

" အဲ့ဒါဆိုလည်း သား ကိုကို့ကို သေချာလေး ပြောသင့်တယ်မထင်ဘူးလား သေချာမပြောတဲ့အပြင် သားပြောလိုက်တဲ့ပုံကပေါ့ပျက်ပျက်နဲ့ သား ကိုကိုက သူ့စကားကို အလေးမထားဘူးဆိုပြီး စိတ်မကောင်းလည်းဖြစ်သွားပုံပါပဲ ဒီကြားထဲ သားက ထမင်းမစားခဲ့လိုဆိုပြီး အော်လိုက်သေးတယ်လေ "

"အဲ့ဒါ သားက ကိုကို့ကို စိတ်ပူလို့လေ "
"ဒါပေမယ့် မင်းအော်လိုက်တာ မာမီတောင် လန့်သွားတယ် ကလေးက ဘယ်လောက် ဝမ်းနည်းသွားလဲမသိဘူး မျက်နှာလေး ညှိုးသွားတာပဲ "
" ဟမ် ဟုတ်လို့လား မာမီကလည်း အဲ့နေ့က ကိုကို့ကို ကြည့်ရတာ ပုံမှန်ထက်တောင် မျက်နှာက တည်တင်းနေတာပဲ "
" အဲ့ဒါ သူ ဟန်ဆောင်ထားတာ မင်းကလေ မင်းကိုကိုနဲ့ နေတာကြာပြီ သူ့အကြောင်း နားမလည်သေးဘူး သားသားလေးက ဝမ်းနည်းတတ်တယ် ဒါပေမယ့် သူ ခံစားနေရတာကို ဘယ်တော့မှ ထုတ်မပြဘူး "

ONEWhere stories live. Discover now