Ep-10

62 3 0
                                    

Unicode

Ep10

ဗြူကင်းသည် ပီပီ ဆေးရုံတက်နေသည့်တစ်လျှောက်တွင် ပီပီ့အနားမှ တဖဝါးမှ မခွါပေ။ အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်သည် ။ ဗြူကင်၏ မေမေသည်လည်း တစ်ခါတစ်ရံ ဆေးရုံသို့ လိုက်လာတတ်၏။

ဆေးရုံတက်နေသည့် နေ့လည်ခင်းတစ်ခုတွင် ပီပီ၏ ဖုန်းထဲသို့ မက်ဆေ့ချ်တစ်စောင်ဝင်လာခဲ့သည် ။ ပီပီနှင့် နှစ်ယောက်တည်းတွေ့ချင်သည်ဟု ပို့လာသည် ။ ထို့အပြင် ပီပီ၏ PaPa အကြောင်းပြောချင်သည်ဟုလည်းဆိုသည် ။

ပီပီသည် မည်သူမှန်းမသိ၍ ချိန်းဆိုသည်အား လက်ခံသင့်သည်လား ငြင်းဆိုရမည်လား တွေးတောနေချိန်တွင် သူ၏ PaPa အကြောင်းဟု တစ်ဖက်လူမှပြောလာချိန်၌ မည်သည့်အရာကိုမှ မတွေးတောတော့ဘဲ လက်ခံလိုက်သည် ။

ဖခင်မေတ္တာငတ်ခဲ့သောသူအဖို့ ဖခင်နှင့်ပြန်တွေ့ရန် လွန်စွာမှ စိတ်ဆန္ဒပြင်းပြလှသည် ။ နောက်နှစ်ရက်ခန့်နေလျှင် ဆေးရုံမှ ဆင်းရမည်ဖြစ်သောကြောင့် ထိုရက်ကိုသာ တစ်ဖက်လူအား ချိန်းဆိုလိုက်သည် ။

နှစ်ရက်အတွင်း ထိုသူဟာ မည်သူဖြစ်နိုင်သနည်း ။ ထိုသူနှင့် PaPa သည် မည်သို့တော်စပ်နေသနည်းကို စဉ်းစားနေမိ၏ ။

At Brownnie cafe,

အညိုရောင် ကော်ဖီဆိုင်၏ ဒေါင့်ဆုံးဝိုင်းတွင် ပီပီခရစ်သည် စိတ်လှုပ်ရှားစွာ ထိုင်နေမိ၏ ။
ချိန်းဆိုထားသည့်အချိန်ထက် စောရောက်လာမိသည့်ဖြစ်ရာ တစ်ဖက်လူမှာ ရောက်မလာသေးပေ ။

ထိုအခိုက်၌ ဆိုင်ငယ်လေး၏ တံခါးတွန်းဖွင့်သံ ၊ တစ်ယောက်ယောက်ဝင်လာသံ ။
ထိုခဏ၌ အချိန်တွေသည်ကြာလွန်းလှသည်ဟုထင်သည် ။

"သားသား"
" အန်ကယ် အန်ကယ်လား ကျွန်တော့်ကိုချိန်းတာ "
" ဟုတ်တယ် သား အန်ကယ်ပါ"
အမှန်စင်စစ် ပီပီ့အားချိန်းဆိုသူသည် တခြားသူမဟုတ်ပါဘဲ ဗြူကင်း၏ ဖေဖေသာဖြစ်သည် ။ ဗြူကင်းဖေဖေနှင့် ပီပီ့ ပါးပါးသည် ရင်းနှီးသည်ဟုတော့ ကြားဖူးသည် ။ သို့ပေမယ့် ပီပီ့ ပါးပါးအကြောင်းအား ဗြူကင်းဖေဖေဆီမှ ကြားရမည်ဟု ထင်မှတ်မထားခဲ့ပေ ။

ONEWhere stories live. Discover now