Ep-5

83 6 2
                                    

Unicode>>

ည၇နာရီ ထိုးခါနီးဖြစ်၍ ကလေးငယ်ဆီသွားရန် ပြင်ဆင်နေသည် ။ ရေချိုးပြီးခါစဖြစ်၍ ခေါင်းတွင်ရေများ မခြောက်သေးပေ။ ထို့အတူ ပီပီခရစ်၏ ခန္ဓာကိုယ်သွယ်သွယ်လေးတွင်လည်း ရေစက်များတွဲလဲခိုနေသည် ။

"ဟမ် ဘာလို့နီနေတာလဲ "
ပီပီခရစ်၏ ခါးတဝိုက်တွင် လက်ရာကြီးသည် ထင်းပြီးနီနေသည် ။သေချာပြန်စဉ်းစားကာမှ ဟိုကောင်စုတ်လေးကြောင့်မှန်းသဘောပေါက်လာသည်။ ပီပီခရစ်၏ အသားအရေသည် အထိမခံသော အသားအရေဖြစ်သည် ။ အသားလေးသည် ထိလိုက်သည့်အခါ ပဲ့ပါသွားတော့မယောင် နူးညံ့နေပြီး ယခုကဲ့သို့ လက်နှင့်ဆုပ်ကိုင်မိပါက နှစ်ရက်သုံးရက်ကြာသည်အထိ ရဲနေတတ်သည်။

မနေ့က ဟိုကလေး ပီပီ့အား အတင်းဖက်အိပ်ထားသည်ပဲဖြစ်ရမည်။ ထိုအသားယူနေသည့်ကိစ္စနဲ့ စိတ်မကြည်နေသော ပီပီ့ခမျာ ထပ်မံ၍ စိတ်ဆိုးရပြန်သည် ။ ထိုကလေးနှင့် ဝေးဝေးနေဖို့သာ ဆုံးဖြတ်လိုက်ပါသည်။ အချိန်နီးနေပြီဖြစ်၍ ညစာမစားရသေးသော်လည်း အင်္ကျီမြန်မြန်လဲ၍သာထွက်လာတော့သည်။

ဗြူကင်းသည် သင်တန်းအပြန်တွင် သူငယ်ချင်း၏ မွေးနေ့ပွဲသို့သွားလိုက်ရသဖြင့် အိမ်အပြန်နောက်ကျနေသည်။ သို့ဖြစ်၍ ၇နာရီထိုးခါနီးအထိ သူရေချိုးမပြီးသေးပေ ။ ကိုကိုလာတော့မည်ဖြစ်၍ ရေချိုးခြင်းအမှုကို အပြေးအလွှားလုပ်နေရသည်။

" သားသားလေး ရောက်လာပြီလား "
" ဟုတ်ကဲ့ ပီ ရောက်ပါပြီ"
"ဗြူကင်းကတော့ ခုနကမှပြန်ရောက်တယ် သူ့သူငယ်ချင်း Buppha လေးရဲ့ မွေးနေ့ပွဲသွားနေလို့ကွယ်"
"သားမှာကလည်း သူငယ်ချင်းဆိုလို့ ခပ်ရှားရှားရယ်လေ သူနဲ့တွဲသွားတွဲလာရှိတာဆိုလို့ Buppha လေးပဲရှိတယ် "

ကလေးငယ်၏ မေမေပြောသည်များကို ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်သည် ။ သူသိသလောက် ဟိုးငယ်ငယ်လေးကတည်းက ဗြူကင်းတွင် အခုလို တွဲသွားတွဲလာလုပ်ရလောက်သည့် ခင်မင်ရင်းနှီးသည့် သူငယ်ချင်းမျိုးမရှိပေ။ ထိုအတွေးများသည် အိမ်ပေါ်ထပ်မှဆင်းလာသော ဗြူကင်းကြောင့်အတွေးပျက်သွားရသည်။

" ကိုကို စာသင်လို့ရပြီ "
"အင်း "
ဗြူကင်း မေမေအား နှုတ်ဆက်ပြီး စာသင်ရန် အခန်းထဲသို့ လိုက်သွားလိုက်သည်။
"မနေ့က အိမ်စာပေးလိုက်တာတွေ ရပြီလား "
"ဟို ကိုကို အဲ့ဒါကလေ"
"ဘာလဲ မရသေးဘူးလား မင်းနော် ငါ့ကိုစိတ်တိုအောင်လုပ်နေတာလား"
"ဗြူကင်း မနက်ကလည်း အိပ်ရာထနောက်ကျတယ် ကျောင်းမှလည်း ကျက်ချိန်မရှိဘူး သင်တန်းပြီးမှ ကျက်မယ်လုပ်ပေမယ့် Buppha မွေးနေ့ရှိလို့လိုက်သွားလိုက်ရတယ် အဲ့တာမကျက်ရသေးဘူး"

ONEWhere stories live. Discover now