Ep-8

53 4 0
                                    

Unicode

ဗြူကင်းကျောင်းရှေ့၌ ပီပီ စောင့်နေမိသည်မှာ ဆယ့်ငါးမိနစ်ခန့်ပင်ရှိလေပြီ။ ထိုကလေးအား ဒီနေ့ အပြင်လိုက်ပို့ရမည်ဖြစ်၍ ကျောင်းရှေ့သို့ လာကာစောင့်နေခြင်းဖြစ်သည်။
မကြာပါ ။ ကျောင်းဝန်းအတွင်းမှ ကျောင်းသားများ အလျှိုလျှို ထွက်လာကြသည်။ ထိုသူတို့အထဲတွင် ပီပီစောင့်နေသူသည် ပါမလာခဲ့ပေ ။ တဖြည်းဖြည်းနှင့် ကျောင်းဝန်းအတွင်း လူများလည်းမရှိတော့ပေ ။

ဗြူကင်းအား ပီပီဆက်စောင့်နေရင်း ပီပီ့အနားသို့ ကောင်လေးတစ်ယောက်လျှောက်လာလေသည်။ ထိုကောင်လေးမှာ ဗြူကင်းနှင့်ပြဿနာဖြစ်ထားသော ဂျူနီယာကောင်လေးသာဖြစ်တော့သည်။
ပီပီဆီသို့ တန်းတန်းမတ်မတ်လျှောက်လာနေသော ကောင်လေးအား ပီပီမသိပေ ။ ဗြူကင်းဆီသို့လာချိန်တွင် ခဏခဏမြင်ရသောကြောင့်သာ မျက်မှန်းတန်းမိသလိုဖြစ်နေသည် ။

"အစ်ကို ပီပီ ကျွန်တော် အစ်ကို့ ဖုန်းနံပါတ်လေး လိုချင်လို့ ကျွန်တော့်ကိုပေးပါ့လား"
" မင်းကို အစ်ကိုကမှမသိတာ အစ်ကိုမသိတဲ့သူဆိုရင် ဖုန်းနံပါတ်မပေးချင်ဘူး "
"ကျွန်တော်က စီနီယာဗြူကင်းတို့ football club ရဲ့ ဂျူနီယာတန်းကပါ ကျွန်တော်က စီနီယာ့ဆီကို အစ်ကို လာတိုင်းမြင်ဖူးနေလို့ ခင်ချင်လို့ပါ "
" အစ်ကိုက လူတိုင်းနဲ့မခင်တတ်ဘူး ကောင်လေး"

ထိုအချိန်တွင် ကျောင်းဝန်းထဲမှာ ဗြူကင်းသည် Buppha နဲ့အတူ ထွက်လာသည်။
"ကိုကို စောင့်နေတာကြာသွားပြီလား ဟာ ဟေ့ကောင် မင်း ကိုကို့နားမှာ ဘာလုပ်နေတာလဲ"
" ဘာမှမလုပ်ပါဘူး စီနီယာက ကောင်မလေးကို အဆောင်ထိသွားကြိုနေရတော့ တော်တော်နဲ့မလာနိုင်ဘူးမလား အစ်ကိုက ဒီရှေ့မှာ တစ်ယောက်ထဲစောင့်နေရလို့ ကျွန်တော်က ကူစောင့်ပေးနေတာ"
ထိုကောင်လေး စကားအဆုံးတွင် မျက်နှာတစ်ချက် ညှိုးသွားသူမှာ ပီပီခရစ်ဖြစ်သည် ။ အလွန်အမင်း စိတ်တိုသွားသူမှာတော့ ဗြူကင်းပင်ဖြစ်ရာ ထိုကောင်လေးအား ဆွဲထိုးနေတော့သည်။

" မင်းနဲ့ ဘာဆိုင်လို့ ကူစောင့်ပေးနေရတာလဲ မင်းကဘာကောင်မလို့လဲ ဟမ်"
" ဘာကောင်လဲဆိုတော့ အစ်ကို့ကို ချစ်နေတဲ့ကောင်လေ အစ်ကို့ကို ကာကွယ်ပေးချင်နေတဲ့ကောင် "
"ဘာ မင်းလိုကောင်ကများ ကိုကို့မှာ ငါ ရှိတယ် ဘယ်ကောင်မှမလိုဘူး နားလည်လား မင်းသွားတော့ "
ဗြူကင်းပြောခဲ့သလို ပီပီဘေးမှာ အချိန်တိုင်းဗြူကင်းရှိမနေပေးခဲ့ပါ။ ကလေးဘဝတုံးကသာ ပီပီဘေးနားတွင် တောက်တဲ့ကပ်သလို လိုက်တွယ်ကပ်နေသူမှာ ဗြူကင်းဖြစ်သည်။

ONEWhere stories live. Discover now