Ep-4

94 6 2
                                    

ခေါင်းရှုပ်စရာများအား မတွေးချင်တော့သဖြင့် ပီပီခရစ် မျက်လုံးအားမှိတ်လိုက်ရာ အိပ်စက်ခြင်းစီသို့ တဖန်ရောက်ရှိသွားလေ၏။

ဗြူကင်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ ကုတင်ပေါ်၌ အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသော ကိုယ်ငယ်လေးအား ကြည့်နေမိ၏ ။ စောင်ပုံကြီး၏ အောက်တွင်မြုပ်နေသော ခန္ဓာကိုယ်သေးသေးလေးသည် ဗြူကင်းနှင့်ယှဥ်လျှင် အလွန်သေးကွေးလွန်းလှ၏ ။ ညက ဖက်အိပ်လိုက်ရသည်ဖြစ်ရာ ထိုကိုယ်ငယ်လေး၏ ခါးကျဥ်ကျဥ်လေးသည် ဗြူကင်း၏ လက်နှင့် တစ်ပွေ့စာလေးဖြစ်နေသည် ။ ကိုကို့အား ရင်ခွင်ထဲသို့ ထည့်အိပ်ရသည်မှာ ဘဝမှာကံအကောင်းဆုံး အခိုက်အတန့်များပင်ဖြစ်တော့သည် ။ အချိန်မှာ ၈နာရီပင်ထိုးတော့မည်ဖြစ်၍ ဗြူကင်းလည်း ကျောင်းသွားရတော့မည်ဖြစ်သည် ။ အိပ်ပုတ်ကလေးအား မနိုးချင်ပဲ နိုးရတော့မည် ။

" ကိုကို ၈နာရီထိုးတော့မယ် ထတော့ နော် "
" အင်း "
ပီပီခရစ် ဘယ်ချိန်ပြန်အိပ်ပျော်သွားမှန်းမသိပေ ။ ကလေးငယ် လာနိုးမှသာ သူနိုးလာတော့သည် ။ နိုးလာသော်လည်း မထချင်သေး၍ ဟိုဘက်ဒီဘက် လူးလိမ့်နေမိ၏ ။

"ကိုကို ထတော့ အိပ်ချင်ရင် နောက်မှပြန်အိပ်လေ မနက်စာထစားလိုက်ဦး "
" မင်းကလည်းကွာ ငါအိပ်ရေးပျက်နေတာကွ "
" အော် "
တစ်ညလုံး ဗြူကင်းရင်ခွင်ထဲ ဝင်အိပ်နေသူ သူဘယ်လောက်ကလိကလိ အိပ်ရာမှ နိုးမလာသူထံမှ အိပ်ရေးပျက်နေသည်ဟုကြားလိုက်ရသည့်အတွက် ဘာမှပြန်မပြောနိုင်ဖြစ်နေတော့သည် ။
" မနက်စာမစားရင် ကိုကို ဗိုက်အောင့်လိမ့်မယ် ထထ စားပြီး ပြန်အိပ်ချင် အိပ်နော် "
" ငါသိတယ် ငါ ကလေးမဟုတ်ဘူး "
ထိုသို့ဆို၍ ဆက်ခနဲ ကောက်ထသွားသည်မှာ လူကြီးပေါက်စလေးပင်ဖြစ်သည် ။

ပီပီခရစ် ကိုယ်လက်သန့်ရှင်းရေး လုပ်နေစဥ် ဗြူကင်းသည် ကျောင်းအတွက် လိုအပ်မည်များ လွယ်အိတ်ထဲထည့်နေရင်း စောင့်နေ၏။ ခဏအကြာ မျက်နှာတွင် ရေစက်ကလေးများ မခြောက်သေးသော မျက်နှာချောချောသည် ဗြူကင်းရှေ့တွင် ပေါ်လာ၏ ။
" ပြီးပြီလား ကိုကို မြန်သားပဲ လာ မနက်စာသွားစားရအောင် "
" အင်း "
ဗြူကင်းသည် ကိုကို့ ပခုံးပေါ်သို့ လက်တင်လိုက်စဥ်တွင် ကိုကိုသည် လက်ကို ရိုက်ချလိုက်၏ ။ အတင်မခံပေ ။
" မင်း ငါ့အသားကို လက်လွတ်စပယ် လာမထိနဲ့ ငါမကြိုက်ဘူး "
" ဘာဖြစ်လို့လဲ ကိုကိုကလည်း အရင်တုံးကလည်း တစ်ခါတစ်လေ တင်တာပဲကို "
" ဘယ်တုံးကဖြစ်ဖြစ် ခုငါမကြိုက်ဘူးပြောနေတယ်လေ "
" ဗြူကင်း တောင်းပန်တယ်နော် ကိုကို မကြိုက်ရင် နောက်မလုပ်တော့ဘူး "
တုံ့ပြန်မှုတစ်စုံတစ်ရာမပေးဘဲ ပီပီခရစ်သည် အိမ်အောက်သို့ ဆင်းသွားလေသည် ။ မနက်က ကိစ္စအား ပီပီခရစ် စိတ်ထင့်နေခြင်းဖြစ်သည် ။ ထိုကလေး၏ ခံစားချက်အား ပီပီခရစ် အပြစ်မတင်ချင်သော်ငြား မိမိအား သူ့စိတ်ကြိုက် လုပ်နေသည်ကို မကြိုက်ခြင်းပေ ။ ဗြူကင်း မျက်နှာအနှံ့လိုက်နမ်းနေခြင်းသည် ပီပီအား အနေရခက်စေသည် ။ အနေကျုံ့စေသည် ။

ONEWhere stories live. Discover now