Ep-9

65 5 3
                                    

Unicode

အိမ်ပြန်လမ်းသည် ဝေဝေဝါးဝါးနှင့် ။ မိုးတွေရွာနေ၍လား ။ ပီပီ့မျက်လုံးတွင် မိုးတွေစွေနေခြင်းကြောင့်လားမသိပေ ။
အမှန်တိုင်းဆိုလျှင် ဒီအခြေအနေသည် ပီပီလိုချင်သည့် အခြေအနေပင်ဖြစ်သည်။ ဗြူကင်းဘက်မှ ပီပီ့အား စိတ်ရှိနေသည်ကို ပီပီသိသဖြင့် ခပ်တန်းတန်းနေကာ ရှောင်နေခဲ့သည်မဟုတ်ပါလား ။ ဘာကြောင့်ဝမ်းနည်းနေရပါသနည်း ။ မတွေးနိုင်ပါ မတွေးနိုင်တော့ပါ ။

ရင်ဘတ်တစ်ခုလုံးတစ်စို့နေပြီး အသက်ရှူပင်ကျပ်လာသည့် စိတ်ခံစားချက်များကြောင့် ဘာဆိုဘာမှမတွေးနိုင်တော့ပါ ။ အိမ်မြန်မြန်ပြန်ရောက်ဖို့ကိုသာ ဆန္ဒရှိပါသည် ။
တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် အိမ်ပေါက်ဝသို့ရောက်လာသည် ။ ပီပီ၏ အိမ်ခြံဝန်းထဲမှ ကားသည် သေချာပေါက် ထိုကလေး၏ ကားသာဖြစ်သည် ။

နာရီကိုလည်းမကြည့်မိ ။ အချိန်သည်လည်း မည်သို့မည်မျှရှိနေပြီကိုပင်မသိပေ ။ မျက်လုံးများသည်ပင် ဝေဝေဝါးဝါး ။ ဗြူကင်း၏ ကားကိုမြင်နေရခြင်းသည်ပင် အစစ်အမှန်ဟုတ်သည်လား ၊ ထင်ယောင်ထင်မှားဖြစ်နေခြင်းလား မသိပေ ။ ယခုအချိန်၌ စိတ်ရောကိုယ်ရော နာကျင်နေသဖြင့် မည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ ။ ပစ်လဲလိုက်ချင်သည် ။

အတွေးမဆုံးခင်ပင် ပီပီ၏ ဆန္ဒပြည့်ဝသွားသည်ဟုထင်သည် ။ ကမ္ဘာလောကနှင့်အဆက်အသွယ်မပြတ်ခင်ပင် ရင်းနှီးနေကျ ကိုယ်သင်းနံ့ကိုရလိုက်ပါသည် ။ ထိုကလေး၏ လက်ထဲတွင် ပီပီ့ ခန္ဓာကိုယ်သည် အသားတကျနှင့်ရောက်ရှိသွားသဖြင့် စိတ်ချလိုက်ပါသည် ။

___________________________

ပီပီပြန်နိုးလာချိန်တွင် နှာဖျားမှ ခံစားမိသော အနံ့တစ်စုံတစ်ရာသည် ပီပီသဘောကျသော အနံ့မျိုးမဟုတ်ပေ ။ ပီပီ ဘဝတွင် အလွန်မုန်းတီးပါသော ဆေးရုံနံ့သာဖြစ်သည် ။
ဆေးရုံတွေကိုမုန်းပါသည် ။ ဆေးရုံခန်းထဲတွင် တစ်ယောက်တည်းနိုးလာရသည်ကို ပို၍ မုန်းမိပါသည် ။

အခန်းကျယ်ထဲတွင် Mae လည်းမရှိ ၊ ပီပီ၏ လူဆိုးကောင်လေးလည်း မရှိသောကြောင့် ဝမ်းနည်းစိတ်အရင်ဝင်လာပါသည် ။
လက်တွင်လည်း ဆေးထိုးအပ်များ ၊ ဆေးပိုက်များနှင့် ။ လူနာဖြစ်ရသည်ကို အလွန့်အလွန်မုန်းပါသည် ။

ONEWhere stories live. Discover now