Ep-7

79 6 3
                                    

Unicode>>

ဒီနေ့ လူဆိုးကောင်လေးအား စာပြန်သင်ပေးရမည်ဖြစ်သဖြင့် အချိန်ပိုင်းအလုပ်ပြီးပြီးချင်း အိမ်သို့ အပြေးပြန်လာခဲ့သည် ။ သို့မှသာ ထိုကလေးဆီသို့ အချိန်မှီရောက်မည်မလား ။

ရေချိုး အဝတ်အစားလဲပြီး၍ ညစာစားရန် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည် ။ ပီပီ၏ Mae သည် ပီပီနှင့်မှ ထမင်းအတူစားတတ်သည် ။ ဘယ်လောက်ပဲ ကြာကြာ ပီပီကို စောင့်ပါသည် ။ ယခုလည်း ထမင်းပြင်ပြီး ပီပီ့ကို စောင့်နေသည်။

"Mae ဘာတွေ ချက်ထားလဲ "
" Mae ကလေးလေး ကြိုက်တာတွေပေါ့ကွယ် လာလာ များများစား သားလေးကို ကြည့်ရတာ အားကိုမရဘူးကွယ် ဗြူကင်းလေးထက်တောင် ခန္ဓာကိုယ်က သေးသေးလေးရယ် "
"Mae နော် ပီပီက သေးတာမဟုတ်ပါဘူး ဟိုလူဆိုးကောင်ကသာ အရွယ်နဲ့မလိုက်အောင် ကြီးထွားနေတာ"
"ဘာလဲ ဗြူကင်းလေးကို စိတ်ကောက်နေတာလား Mae ကလေးလေးကတော့ တကယ် ကလေးလေးပဲ"
" Mae ပီ့ကို မစနဲ့တော့ ထမင်းစားတော့မယ် "
" ကဲပါ ဟုတ်ပါပြီ မစတော့ဘူး စားစား"

ပီပီ ထမင်းမြန်မြန်စား၍ ဗြူကင်းဆီ မြန်မြန်ရောက်အောင် ပြေးသွားလိုက်သည်။ ဗြူကင်းဆီသို့ရောက်သောအခါ စာကြည့်စားပွဲတွင် ထိုင်နေ၍ စာနွှေးနေဟန် ။

" စာနွှေးနေတာလား "
" ဟုတ် ကိုကို "
" ငါကျက်ခိုင်းထားတာတွေ ရပြီပေါ့ "
"ဟုတ် "

စာကျက်ထားသည်ဆိုသောကြောင့် ထိုကလေးအား ပီပီ စာမေးလိုက်သည် ။ ကျက်ထားသဖြင့် ပီပီ မေးသမျှ အကုန်ဖြေနိုင်သောကြောင့် နည်းနည်းကျေနပ်မိသည်။

"ကဲ ရတယ်မလား ကိုကို ဗြူကင်းပြောသားပဲ ကျက်ထားပါတယ်ဆို "
" အင်း လိမ်မာတယ် ကလေးလေး "
ကိုကိုသည် ထိုသို့ပြော၍ ဗြူကင်းခေါင်းလေးအား ပွတ်ပေးနေသည်။ ယခု ဗြူကင်း၏ ပုံစံမှာ သခင့်အမိန့်အား နာခံတတ်သော ပါပီပေါက်လေးနှင့် တူနေသည် ။ ကိုကို့ လက်ချောင်းရှည်သွယ်သွယ်လေးများသည် ဗြူကင်း၏ ဆံနွယ်လိမ်ကောက်ကောက်လေးများကြားထဲတွင် လူးလွန့်နေသည်။

ပီပီ၏ ကလေးလေးသည် ဒီနေ့တွင်တော့ အလိမ်မာတုံးလေးဖြစ်နေသည်။စာမေးသမျှလည်း ရသဖြင့် ပီပီကျေနပ်ကာ သူကိုယ်တိုင်တောင်သတိမထားမိပါဘဲ ကလေးလေးလို့ ခေါ်မိသွားသည် ။

ONEWhere stories live. Discover now