"ကဲ ဂျောင်ဟိုဆော့ ငါမျက်စိနောက်လာပြီ မင်းခုထိမဝင်သေးဘူးလား?"
အစောကြီးရောက်နေတာကြောင့် အခန်းဝမှာ ဟိုဆော့က ပြူတစ်တစ်နဲ့။ ဆော့ဂျင်နဲ့ အခန်းမတူတာမို့ ဘေးအခန်းသွားဖို့လုပ်ပေမဲ့ လက်မောင်းကိုဆွဲထားသည်။
"ငါ.. ငါကြောက်လို့ပါ"
"ကျစ် ဟိုဆော့ မင်း ဟိုဆော့ရောဟုတ်ရဲ့လား သွားအမြန် ငါ့မင်းသားကရောက်နေပြီ နောက်ကျရင်ဆူခံထိဦးမယ်"
ဆော့ဂျင် ဟိုဆော့ကိုယ်ကို ကျောကနေတွန်းပြီး အခန်းတံခါးဖွင့်ကာ ထည့်ပေးရင်း သူ့အခန်းသူဝင်လာခဲ့သည်။ ဟိုဆော့မှာတော့ တောင့်တောင့်လေးနဲ့အခန်းထဲရောက်သွားပြီး အဖွဲ့သားတွေကို ဟီးခနဲရီပြလိုက်သည်။ ဒါပေမဲ့အလုပ်ရှုပ်နေတာမို့ သူ့ကိုဘယ်သူ့မှအဖက်မလုပ်ကြပါ။
"ဟိုဆော့ v ရောက်တော့မယ် အဆင်သင့်ပြင်ထားပေးနော်"
"အာ.. nae"
ဟိုဆော့မှာ ပြာသလဲလဲနဲ့ မိတ်ကပ်တွေခင်းပြီး မင်းသားအလာကို စောင့်နေရသည်။ အဲကွန်းပေးထားပေမဲ့ သေချာပေါက်ချွေးထွေထွက်နေမှာအမှန်။ အကြာမှီပင် မင်းသားရောက်လာသည်။ မော်ဒယ်မို့ ထင်သည် အဝတ်အစားတွေကအစ styles ကျပြီး သူနဲ့မလိုက်ဖက်တာမရှိ။ မျက်လုံးအညိုရောင်လေးတွေနဲ့ ဆံနွယ်ကောက်ကောက်လေးတွေ။
သူနှလုံးသားက အကောင်းကြိုက်တတ်ပုံရသည်။ ဟိုဆော့ အငေးလွန်နေရင်း အကြည့်ချင်းစုံတော့ သူ့ဟာသူ ပါးတွေရဲရင်း ခေါင်းငုံ့သွားသည်။
"ပြင်လို့ရပြီ ဟိုဆော့ မိနစ်နှစ်ဆယ်ဆို လာခေါ်မယ် ရတယ်မလား"
မန်နေဂျာ အကိုကြီးရဲ့စကားကို ခေါင်းညိမ့်ပြလိုက်ပြီး ကလစ်တွေယူကာ မင်းသားရဲ့ ဆံပင်တွေကို ညှပ်တင်ပေးလိုက်သည်။ ပြီးတော့ series နဲ့လိုက်မဲ့ပုံစံပြင်ပေးရသည်။
မျက်ရစ်တစ်ဖက်ပဲပါတဲ့ မျက်လုံးလေးက တကယ်အသဲယားစရာ။ ကြည့်ရတာ ထယ်ယောင်းက မမှတ်မိဘူးထင်တယ်။ သူကလဲ အတန်းထဲမှာ ကိုယ်ပျောက်ဆိုတော့ သတိမထားမိတာမဆန်း။
"မင်း.. ငါနဲ့ သိဖူးလား"
"ဗျာ!!"
ဟိုဆော့တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။ ဖြောင့်စက်လေးကိုင်ပြီး ပြီးခါနီးကို အချောမသတ်နိုင်။