"နေမကောင်းဘူးလား ဆော့"
"ကောင်းပါတယ်"
"မျက်နှာ ရဲနေသလိုပဲ"
မင်းသားစကားကြောင့် ဟိုဆော့ မလုံမလဲနဲ့ ပါးတွေကို တစ်ဖြတ်ဖြတ်ရိုက်ပြီး အလုပ်များချင်ယောင်ဆောင်လိုက်သည်။ အမှန်တော့ ဟိုဆော့ အတွေးများနေရတာပင်။ မင်းသားရဲ့မွေးနေ့ကမနက်ဖြန်ဆို ရောက်ပြီလေ။ သူဘာပေးရမလဲကမသိ။
စဉ်းစားတာ တစ်ပတ်ကျော်ပေမဲ့ ဘာမှအကြံထွက်မလာ။ အဲ့တာကြောင့် သူ ဆော့ဂျင်ကို အကြံညဏ်တောင်းကြည့်တော့" အတူအိပ်ပေးလိုက်လေ သူအရမ်းကြိုက်သွားမှာ" ဆိုတဲ့ဟာကို ပြန်တွေးပြီး ဒီလို ခဏခဏဖြစ်နေတာပင်။ မင်းသားနဲ့သူနဲ့က တစ်ခါမှ အဆင့်ကျော်ဖူးသည်မဟုတ်။
အတူတူဖြေလျော့တာမျိုးတောင် မလုပ်ဖူး။ ဒီတိုင်း စကားနဲ့ပဲ ပြောဖူးတာပေါ့။ အတွေ့အကြုံမရှိတဲ့ ဟိုဆော့ အဲ့နေရာတွေ ကြံရာမရ။ သူက သူ့ကိုသူ ဂေး မှန်းသိပေမဲ့ အဲ့လိုတွေ မတွေးဖူး။ ခုတော့ သူချစ်ရသူမွေးနေ့အတွက် အမှတ်တရတစ်ခုခုပေးချင်မိသည်။
တစ်ခြားသူတေနဲ့ ရီမောကာ စကားပြောနေတဲ့ မင်းသားကိုငေးရင်း ဟိုဆော့ သက်ပျင်းသာချလိုက်သည်။ ခုတောင် သူ့ဘေးမှာ ပရိတ်သတ်တွေဆီက လက်ဆောင်တွေအပြည့်လက်ခံထားရသည်။ မွေးနေ့အတွက် ပွဲတွေကြိုလုပ်ပေးထားတာမျိုးလဲရှိသည်။
မင်းသားကသူ့ထက် တစ်နှစ်ငယ်တာကိုလဲသိလိုက်ရသည်။ သူလဲ မင်းသားကို အမြဲအမှတ်ရနေစေမဲ့ လက်ဆောင်မျိုးပေးချင်သည်။ ဒါပေမဲ့ ဈေးပေါသွားမလား? ကိုယ့်ဟာကိုယ် တန်ဖိုးများနည်းသွားစေမလား တွေးနေရတာပင်။
"Happy birthday to you!!"
အသံတစ်ချို့ကြောင့် ဟိုဆော့ လှည့်ကြည့်လိုက်တော့ ရိုက်ကွင်းကလူတွေက မင်းသားကို မွေးနေ့လုပ်ပေးနေတာပင်။ မင်းသားလဲ ရုတ်တရက်လန့်သွားပုံရပြီး ပြီးမှ ကျေးဇူးတင်ကြောင်းထပ်တစ်လဲလဲပြောသည်။
"မွေးနေ့အတွက် မန်နေဂျာကြီးကပဲ ကဒ်ယူသွားလိုက်ပါ"
ဆိုလိုတာက သူလိုက်မကျွေးနိုင်ဘူးဆိုတဲ့သဘော။ ထယ်ယောင်းက ပုံမှန်ဆိုလဲ သူ့ကဒ်ကိုထည့်ပေးလိုက်တာကများပါတယ်။ ခုတော့ သူ ဟိုဆော့နဲ့ နှစ်ယောက်ထဲ အတူရှိချင်တာမို့ ရှိသမျှ ဇယားတေ ရသလောက်ဖြတ်နေတာပင်။