"အဲ့ဆို ငါသွားတော့မယ်နော်"
ဟိုဆော့မှာ ပြင်ဆင်ပြီး ညနေငါးနာရီလောက်ထဲက အိမ်ကနေထွက်လာရသည်။ ပွဲက ခုနစ်နာရီစမှာပေမဲ့ ခြေဆုံးခေါင်းဆုံးပြင်ပေးရမှာမို့ အချိန်ယူရမှာ။ ဒီကြားထဲ ကားပါလွှတ်ပေးလိုက်တော့ အားနာမဆုံးတော့။
ဆော့ဂျင်ကိုနှုတ်ဆက်ပြီး ကားထဲဝင်ထိုင်လိုက်သည်။ ဒါ ကုမ္ဘဏီက ကားထင်သည်။ stylist တစ်ယောက်က အဲ့လောက်တောင် အရေးပေးဆက်ဆံခံရသလားပဲ။ သူ့ကိုယ်သူတောင် ဘဝင်မြင့်ချင်သလို။
"ဝါး~~"
ရှည်လျားသော ခြံဝန်းကို ဖြတ်သန်းပြီးနောက် ရှေ့က အိမ်ကြီးကို ပြူးကြည့်မိသည်။ ဒါက မင်းသား ကင်မ်ထယ်ယောင်း အိမ်တဲ့လား။ လုံးဝကြီးမားနေပြီး သူဌေးသားမှန်းသိသာလွန်းသည်။ အဲ့ကြောင့် မာနကြီးတာ အဆန်းမဟုတ်။
သူ အိမ်အကူလေးတွေရဲ့အကူအညီနဲ့ပဲ မင်းသားဆီကို လိုက်ပို့ခိုင်းရသည်။ သူ့ဟာသူဆို လမ်းပျောက်နိုင်တယ်။
"ရောက်ပြီလား ဆော့ လာထိုင်လေ"
Bathrobe ဟပြဲကြီးနဲ့ မင်းသားကြောင့် ဟိုဆော့ ခေါင်းငုံ့ချလိုက်သည်။ ကုတင်အညိုရောင်ကြီးရဲ့ဘေးမှာ ဗီဒိုကြီးနဲ့အတူ ဇာတ်လမ်းတွဲတွေထဲမှာပဲမြင်ရတဲ့ ရှည်လျားတဲ့ အဝတ်စင်တွေ။နာရီထည့်တဲ့ အံဆွဲတွေနဲ့ .. ဘုရားရေ အတွင်းခံသီးသန့်ထည့်တဲ့ ဗီဒိုကြီး။
သူစပ်စုနေရင်း မင်းသားနဲ့ အကြည့်ချင်းစုံတော့ ဘာလုပ်ရမလဲမသိ ရီပြလိုက်တော့ ဟိုက တစ်ဖက်လှည့်သွားသည်။
"ဒါက ပွဲအတွက်ဝတ်ဆုံ ကျန်တဲ့ဟာတွေက အဆင်ပြေသလို လုပ်ပေးပါ"
ဟိုဆော့လဲ ခေါင်းချက်ချင်းညိမ့်ပြီး သူ့ဘေးလွယ်အိတ်ကို ဆိုဖာပေါ်ထားခဲ့ပြီး မင်းသားဆီကို သွားလိုက်သည်။ ဗီဒိုပေါ်တင်ပေးထားတဲ့ မိတ်ကပ်ပစ္စည်းတွေကိုယူပြီး outfit နဲ့လိုက်မဲ့ပုံစံရွေးပြင်ဆင်လိုက်သည်။ ရှေ့ဆံပင်ကိုလဲ အကောက်လေးဖြစ်အောင် လုပ်လိုက်ပြီး တစ်ခြား sponsor ပေးထားတဲ့ လက်ဝတ်တန်ဆာတွေ ဆင်ပေးလိုက်သည်။
အားလုံးပြီးစီးတော့ ကိုယ်လုံးပေါ်မှန်မှာ သူ့ဟာသူထကြည့်ပြီး လက်ကောက်ဝတ်က ကြယ်သီးကိုတပ်သည်။