11M

623 59 10
                                    

"ကိုယ့်ကို ဘယ်တုန်းက စသဘောကျတာလဲ ဟမ်?"

"ကို့ကို မဆိတ်နဲ့တော့"

လက်တွေကို တားပေမဲ့ သူ့ရင်ဘတ်တွေကို ပွတ်သပ်နေတာတွေက ရပ်သွားချင်းအလျင်းမရှိ။ bathtub ထဲ မင်းသားပေါင်ပေါ် တက်ထိုင်ကာ ကျောမှီထားတဲ့ stylist လေး။

"ဖြေပေး"

အချစ်စမ်းကြရင်း ရေအတူချိုးကာ မင်းသားရင်ခွင်ထဲ ဟိုဆော့ငြိမ်နေသည်။ တောင့်တင်းတဲ့ ပေါင်တံကြီးတွေကြား သူထိုင်နေရင်း ကြီးမားတဲ့အရာကိုလဲ သူ့ခါးကတစ်ဆင့်ခံစားမိသည်။

"ရှက်စရာကြီး"

တကယ်ကို သူ့အတွက် ရှက်စရာ ကိစ္စဖြစ်ခဲ့တာပင်။ ကျောင်းတုန်းက သူ့ကို ပုံစံက သာမာန် ယောင်္ကျားလေးတွေနဲ့ မတူလို့ မပေါင်းတဲ့လူများတယ်။

သူ့ဖြစ်တည်မူ သူရိပ်မိခဲ့ပေမဲ့ အိမ်ကိုလဲ မပြောရဲ။ သူ့ဟာသူလဲ ကြောက်နေတာကြောင့် အတန်းထဲ အပေါင်းအသင်းမရှိတဲ့လူတစ်ယောက် ဖြစ်လာခဲ့တာ။

ဆိုင်လာဝယ်တဲ့ ရုပ်ချောချော အကိုကြီးတွေကို သူငေးဖူးတယ်။ မိန်းကလေးတွေဝတ်စားထားတာ မြင်ရင်လဲ သူသဘောကျတယ်။ သူ့ကိုသူ ရွံမိလာရင်း ပတ်ဝန်းကျင်က ကဲ့ရဲ့ခံရတဲ့လူတစ်ယောက် မဖြစ်ချင်ခဲ့ဘူး။

ဒါပေမဲ့ အတန်းထဲက ကင်မ်ထယ်ယောင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကြောင့် သူ့ကိုယ်သူ ယုံကြည်မူရှိလာစေတယ်။

အတန်းထဲမှာ ကပွဲလုပ်ရန်စီစဉ်တော့ ချောမောလွန်းတဲ့ အဓိက နှစ်ယောက်ကိုရွေးတယ်။ အဲ့မှာ ကင်မ်ထယ်ယောင်းက ပါဝင်လာပြီး အတူပြဇာတ်တိုက်ကြသည်။ ဒါပေမဲ့ အတူတွဲမဲ့ ကောင်မလေး ကအိမ်က မလာခိုင်းတော့ အခက်တွေ့ပေမဲ့ ကင်မ်ထယ်ယောင်းက သူ့ကိုယ်သူ မိန်းကလေးနေရာကနေသာ ဝင်သရုပ်ဆောင်လိုက်သည်။

ဂါဝန်တိုလေးနဲ့ ကင်မ်ထယ်ယောင်းကို ကြည့်ပြီး သူ့သွေးတွေ ပြောင်းဆန်ကုန်သလိုပဲ။ ခေါင်းပေါ်မှာ ဖဲပြားကလစ်လေး တစ်ခုကိုသာ ပန်ထားပြီး နှုတ်ခမ်းရဲရဲလေးနဲ့ ပါးနီလေးပါ ဆိုးထားသေးသည်။ သူ့ကို အကုန်ဝိုင်းရီနေပေမဲ့ ကင်မ်ထယ်ယောင်းက ဂရုမစိုက်ပဲ ဂါဝန်တိုကို ဆွဲမပြီး ရီနေတဲ့ ကောင်လေးတွေရဲ့ ရှေ့ကို သွားသည်။

• 𝗆𝗒 𝖺𝗋𝗍𝗂𝗌𝗍 • Where stories live. Discover now