"ဟက်ချီး!! F*ck!!"
နှာချေလိုက်တာတောင်အောင့်မြတ်သွားတဲ့ခါးကြောင့် ဆော့ဂျင် အသံတိတ်ကျိန်ဆဲလိုက်မိသည်။
"နောက်တစ်ခါကျ ငါ့အလှည့်ပဲ!!"
ဒေါသသံပါပေမဲ့ စိတ်ထဲကပါမနေပါ။ အိပ်ရာထဲကွေးကွေးလေးနဲ့ပဲ မှိန်းနေသည်။
"ဆန်ပြုတ်ရပြီ ဂျင် မင်းသက်သာရဲ့လား"
"သက်သာပါတယ်!! မင်းကအကောင်းဆုံးပဲ"
အလူးအလဲထပြီး ဆန်ပြုတ်ပန်းကန်ကို လက်လွှဲယူကာ သူ့ကို မျက်စိမှိတ်ပြတဲ့ လူချောလေးကြောင့် ဟိုဆော့ခေါင်းခါကာ ရီလိုက်မိသည်။
"မနေ့ကပဲ အကောင်းကြီးကို ဟူး"
"စိတ်မဖြောင့် ဖြစ်မနေပါနဲ့~ မင်းသားထယ်ယောင်း မွေးနေ့မလား သူလာခေါ်မယ်ဆို"
ပလုတ်ပလောင်းနဲ့ ဆော့ဂျင်ကိုကြည့်ပြီး ဟိုဆော့မှာ စိတ်မဖြောင့်!! နေမကောင်းတာကို သူကဘယ်လိုထားခဲ့ရမှာလဲ။
"ငါ.. ငါမသွားတော့ရင် ကောင်း~~"
"ရားးးး မင်းဘယ်လို ရီးစားလဲ~~ သူငယ်ချင်းစိတ်ရှိတာ ကောင်းပေမဲ့ မင်းသားထယ်ယောင်းသာမင်းမွေးနေ့မှာ အဲ့လိုကြီး လုပ်ရင် မင်းကြိုက်မလား ဟမ်!!"
"ဟို.. ငါအဆင်ပြေ~~"
နည်းနည်းတော့ မကြိုက်ပေမဲ့ မင်းသားက အလုပ်များတာပဲကို။သူအဆင်ပြေပါတယ်။
ဆော့ဂျင်ကိုကြည့်တော့ ဆန်ပြုတ်ကိုသာ သောက်နေပြီး နှာတစ်ရှုံ့ရှုံ့နဲ့။
"မင်းကို အများကြီးသင်ပေးရဦးမှာပဲ ဟူးး~~"
ဟိုဆော့ နည်းနည်းလေးတောင့်သွားရသည်။ သူအမှန်တိုင်းပြောရရင် ဆော့ဂျင်တို့အတွဲကို အားကျပါသည်။ အတူတွေ့ကျရင် ပေါင်ပေါ်ကမဆင်းဘူး။ ပြီးတော့ အမြဲ နမ်းနေတာတွေ့တယ်။ ဆော့ဂျင်က ချွဲရင် မင်းသားဂျောင်ကုက ယုန်သွားကြီးတွေ ပေါ်နေအောင်ပြုံးပြီး သဘောကျနေတတ်တယ်။
"မင်းသားကိုလဲ နည်းနည်းပါးပါးချွဲပါကွာ သူချစ်နေတာ ဘေးက အကုန်မြင်ရတယ်!! မင်းကအရင်ကြိုက်တာလဲပြောသေးတယ် အဲ့လိုပုံကို ပေါက်မနေဘူး!!"