"cut!!"
ဒါရိုက်တာရဲ့ အသံအကြား အလုအယက်နဲ့ မင်းသားဘေးရောက်လာကာ ချွေးတွေသုတ်ပေးတော့သည်။ မင်းသားရဲ့လည်ပင်းတွေကို နဖူးတွေကို တစ်ရှုးနဲ့ ရသလောက်သုတ်ရင်း ရေတစ်ဗူးပါ အသင့်ဖွင့်ပေးလိုက်သည်။
သူ့ဟာက stylist နဲ့မတူပဲ တောက်တိုမယ်ရပါဖြစ်နေပြီ။ မန်နေဂျာ ဟျောင်းကတော့ ပြုံးစိစိနဲ့ လက်မထောင်ပြသည်။ အမှန်တော့ တက်သစ်စမို့ ဘေးမှာ လူမများချင်တာနဲ့မငှားပဲနေတာ ထယ်ယောင်းအတွက် အများကြီး လိုအပ်နေသေးသည်။
မန်နေဂျာရော ဟိုဆော့ပါ ရသလောက် ဘေးကနေကူမှ အဆင်ချောရသည်။ သူ့အတွက်လဲ ဘောနတ်စ် ပိုရသည်လေ။ ပြီးတော့ သူကိုယ်တိုင်လဲ လုပ်ပေးရတာပျော်သည်။
"ဒီ တစ်ခန်းပြီးအောင် ရိုက်ကြည့်မယ် မိုးရွာတော့မယ်ထင်တယ်"
ဒါရိုက်တာ အော်သံအကြား ထယ်ယောင်းမှာ ဇာတ်ညွှန်းကို မန်နေဂျာဟျောင်းဆီပေးခဲ့ပြီး ရိုက်ကွင်းသို့သွားရသည်။ ကြိုရောက်နှင့်နေသော သူ့ညီတစ်ဝမ်းခွဲမှာ ဒါရိုက်တာနဲ့ စကားပြောနေကြသည်။
"ဒီအခန်းက နှစ်ယောက်က ထိတ်တိုက်တွေ့ရမှာ , ချွဲဝူ အတွက်က ကိုယ့်အစ်မနဲ့ ဆက်မပတ်သတ်ဖို့ ပြောရမယ်, မင်ဝွန်း က အလျော့မပေးတဲ့ ပုံစံ ဟုတ်ပြီလား"
ဒါရိုက်ဝာာရဲ့ စကားကြောင့် နှစ်ယောက်သား ခေါင်းညိမ့်လိုက်ကြပြီး ပန်းခြံမှာ မတ်တပ်ရပ်အနေထားနဲ့။ သူက မင်ဝွန်း ကာရိုက်တာ အနေနဲ့ သရုတ်ဆောင်နေတာဖြစ်သည်။
"ငါ့အစ်မနဲ့ ဝေးဝေးနေ"
အင်္ကျီကို ဆောင့်ဆွဲလိုက်တော့ ထယ်ယောင်းကိုယ်က ဂျောင်ကုဘက် နင့်ခနဲ။ အားပြင်းတဲ့လက်တွေကြောင့် အသက်ရူကျပ်လာပေမဲ့ ဒါသရုပ်ဆောင်နေတာဖြစ်လို့ အနစ်နာခံရမည်။
"နူးနာက ငါမှငါတဲ့ မယုံရင် မေးပြရမလား?"
ခပ်ထေ့ထေ့နဲ့ ကာရိုက်တာ အပေါ် စိတ်နှစ်ထားသည်။ ဂျောင်ကုလဲ တစ်ဖက်လူကို ဆောင့်တွန်းကာ ဇာတ်ညွှန်းအတိုင်း လုပ်စဉ်မှာပဲ မိုးက ရွာချလာသည်။
"ကျစ်"
သူလဲ ထယ်ယောင်းကို လက်ကမ်းလိုက်ပေမဲ့ ဟိုက သူ့လက်ကို အဖက်မလုပ်ပဲ ထထွက်သွားသည်။ ဂျောင်ကုလဲ မိုးမသည်းခင် အနီးနားမှာရှိတဲ့ ရိုက်ကွင်းတာဝန်ခံတွေစီစဉ်ပေးတဲ့ အဝတ်လဲခန်းထဲ ဝင်ချလိုက်သည်။
