"ကင်မ်ထယ်ယောင်း ငါမင်းကို သဘောကျတယ်"
ခေါင်းကိုတွင်တွင်ငုံ့ထားပြီး သူ့ကို မော့မကြည့်တဲ့ကောင်လေး။ ထယ်ယောင်း ခပ်ပြုံးပြုံးလုပ်ကာ ငုံ့နေတဲ့ ခေါင်းကို လိုက်ကြည့်တော့ နားလေးတွေကရဲနေသည်။
"မော့"
အထက်တန်းအရွယ်နဲ့ မလိုက်စွာ ဩရှနေသည့်အသံ။ ဟိုဆော့ ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်တော့ စူးစိုက်စွာကြည့်ခံရသည်။
"ငြင်းလို့ရတယ်မလား?"
အယောင်ယောင်အမှားမှားနဲ့ ဟိုဆော့ ခေါင်းငုံလိုက်မိသည်။ဒီမာနမင်းသားဆီကဘာတွေမျှော်လင့်မိနေပါလိမ့်။
"ဟုတ် ရပါတယ် နားထောင်ပေးလို့ ကျေးဇူးပါ"
ခပ်မြန်မြန်ပြောပြီး သူပြေးထွက်လာခဲ့ပေမဲ့ မျက်ရည်တွေက စီးကျလာသည်။ ပထမဆုံး သဘောကျမိတဲ့ အချစ်ဦးဆီက အငြင်းခံရတဲ့အချိန်က အနာကျင်ဆုံးပဲမလား?
မေပယ်ရွက်တွေကြွေနေတဲ့အချိန်။ အုပ်ခုံနားခဏထိုင်ရင်း အချစ်ဦး အကြောင်းတွေးမိတဲ့အခါ ဟိုဆော့ နှုတ်ခမ်းတွေတွန့်ကွေးသွားရသည်။ မတူညီတဲ့နိုင်ငံတစ်ခုကို ပြောင်းရွေ့ခဲ့ပေမဲ့ သူဒီပြန်ရောက်နေရပြီ။
"ဟိုဆော့!!"
လက်လှမ်းပြတဲ့ သူ့သူငယ်ချင်းကို လက်ပြန်ပြတော့ ပြေးဖက်ခံရသည်။ ပြီးတော့ သူ့ကို တစ်ပတ်လှည့်နေအောင်ကြည့်ရင်း
"မင်း အများကြီး ပြောင်းလဲသွားတယ်"
ခပ်အုပ်အုပ်ဆံနွယ်တွေဟာ မီးခိုးရောင်လေးဆိုးထားသည်။ ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ အောက်က ဘောင်းဘီအတိုလေးသာ ဝတ်ထားပေမဲ့ ဒီနိုင်ငံအရအေးသည်။
"ဘယ်ကသာ မင်းက ပိုချောလာတာကို"
ကင်မ်ဆော့ဂျင်နဲ့ စကားတွေအများကြီးပြောရင်း အိမ်ရောက်လာသည်။
"ဒါနဲ့ ငါအလုပ်က ဘယ်ချိန်ဝင်ရမှာလဲ"
ကင်မ်ဆော့ဂျင်က hybe ကုမ္မဏီရဲ့ stylist တစ်ယောက်။ သူက သင်တန်းတက်တာ ကြားကာလမှာ ပျက်ကွက်ခဲ့လို့ ဆော့ဂျင်က အလုပ်အရင်ရသွားသည်။ အတူတူ အလုပ်လုပ်မယ် တိုင်ပင်ထားလို့ သူဒီပြန်ရောက်လာပြီး အလုပ်လုပ်ရတော့မည်။
