6

661 92 36
                                    

" ဆော့လေးရေ ပြီးရင် ဟိုဘက်ကိုလာခဲ့နော်"

"ဟုတ်ကဲ့"

ဟိုဆော့ ခေါင်းညိမ့်ပြလိုက်ရင်း မင်းသား ပစ္စည်းတွေကို သေချာစစ်ရသည်။ အခုက မင်းသားရဲ့ photo shoot, shooting ကို ရောက်နေတာဖြစ်ပြီး သူ့ထက် အသက်အရွယ်ရော ဝါအရရော ကြီးတဲ့လူတွေ အများကြီး။

ရောက်လာထဲက တစ် ဆော့ဆော့နဲ့ ခိုင်းနေတာကြောင့် မင်းသားအတွက် လုပ်ဖို့တောင် သူ့မှာ အချိန်သိပ်မရှိ။

"ဒါလေး တပ်ပေးပါဦး"

မင်းသားရဲ့အသံခပ်ဩဩကြောင့် ဟိုဆော့ပါ တုန်တက်သွားရသည်။ သူ့အဖြစ်ကို မင်းသားက "ဟက်"ခနဲရီသည်။ ထို့နောက် မင်းသား လုပ်ခိုင်းတဲ့ဟာကို ငုံ့ကာ တပ်ပေးရသည်။

"ဇစ်က ကျပ်နေတာပဲ"

"ဟုတ်တယ် ကိုယ်လုပ်တာလဲ မရဘူး"

ဘောင်းဘီကအပွပေမဲ့ ဇစ်က အနည်းငယ် ကျပ်ချင်နေသည်။ အဆုံးထိဆွဲမရပဲ အနည်းငယ်ဟနေတာမို့ boxer colour ကိုပါ ဟိုဆော့မျက်နှာတည့်တည့် မှာမြင်ရသည်။

"ခဏလောက် ချွတ်လိုက်ပါလား"

"အချိန်နီးပြီဆော့ ကိုယ်ဒီတိုင်းပဲ.."

"အန့်သွဲ့!! မရပါဘူး ကျွန်တော် ရအောင်လုပ်ပေးမယ်"

အူတိုလွန်းတဲ့ ဟိုဆော့မှာ မင်းသားboxer ကို အကုန်မြင်သွားမှာမလိုလား။ လက်နဲ့ရအောင်ဆွဲပေမဲ့ မရတာကြောင့် လက်ထိတ်တွေပါရဲတက်လာသည်။ စိတ်မရှည်တာကြောင့် ပါးစပ်နဲ့ ဆွဲကိုက်ကာ အပေါ်ပင့်တင့်လိုက်တော့ "ကျွီ" ခနဲ ရသွားသည်။

"ရသွားပြီ!!"

သူအပေါ်ကိုမော့ကြည့်တော့ မင်းသားက ဟိုဆော့ကို ငုံ့ကြည့်ကာ မျက်လုံးတွေက စူးနေသည်။

"သွားရေမပေဘူးနော်!! အိုက်ယား ပြန်သုတ်ပေး~~"

"ရပ်လိုက်တော့!!"

ထယ်ယောင်း အော်သံနဲ့ပါ တားလိုက်ရသည်။ သူ့အရာကို ပါးစပ်နဲ့ လုပ်လိုက် လက်နဲ့ပွတ်လိုက်နဲ့မို့ ချွေးပါပျံလာသည်။ ဆော့က အဲ့လိုကြီး လုပ်မယ်လို့ သူတကယ်ကို မထင်ထားတာ။ သူလဲ ရှုတင်ချိန်နီးပြီမို့ ထွက်လာခဲ့ပေမဲ့ သူ့အရာက အနည်းငယ် ဖုဖောင်းနေပြီ။

• 𝗆𝗒 𝖺𝗋𝗍𝗂𝗌𝗍 • Where stories live. Discover now