ဟိုဆော့မှာ တစ်ခုခု ဖိညှပ်ထားသလိုခံစားရသည်။ သူ့အပေါ်ကို တစ်ယောက်ယောက်များ တက်နင်းထားသလား။ ခါးကလည်း အောင့်နေပြီး နေရတာအဆင်မပြေ။ သူနိုးလာတော့ ရှေ့ကမြင်ရတဲ့ ရင်အုပ်ကျယ်ကြီး။ အလန့်တကြားမော့ကြည့်မိတော့ မင်းသားဖြစ်နေသည်။
သေစမ်း!! ဘယ်လိုတောင်။ သူအမြန်ကုန်းရုံးထပေမဲ့ နောက်ပြန်လှန်ကျပြီး အောက်ကို ဘုန်းခနဲ။
"အားးလား နာလိုက်တာ"
ဟိုဆော့မှာ စားပွဲနဲ့မဆောင့်မိလို့တော်သေး။ သူအခုအိပ်နေတာ ဆိုဖာပေါ်မှာ ပြီးတော့ မင်းသားရင်ခွင်ထဲမှာ!! သူမတ်တပ်ထရပ်လိုက်တော့ မင်းသားက လူးလွန့်စွာနိုးလာပြီး အိပ်ချင်မူးတူးနဲ့။
"မင်းသားညက ကျွန်တော်.."
"နိုးပြီလား!! မင်းညက တစ်အား ရစ်တာပဲကွာ~"
ထယ်ယောင်းပြောပြီး သူ့အင်္ကျီကို ဆွဲတင်လိုက်ရသည်။ ငမူးလေးက ခွေးပေါက်ကျနေရော။ လူကို ကိုက်တာ ထယ်ယောင်းမှာ ငယ်သံပါအောင်အော်လိုက်ရသည်။
"ဟင်~~ ကျွန်တော်က ရစ်တယ် "
"မမှတ်မိတော့ဘူးပဲ"
"တောင်းပန်ပါတယ် တကယ် ကျွန်တော်ဘာမှ မမှတ်မိတော့ဘူး"
ထယ်ယောင်းလဲ ခေါင်းသာညိမ့်ပြလိုက်သည်။ အိပ်ရာနိုးခါစမို့ ဖရိုဖရဲနဲ့ ရှဉ့်ပေါက်လေးက အသဲယားစရာလေး ဖြစ်နေတာ မဟုတ်ဘူးလား။ ညကလဲ သောက်နေရင်း ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာမို့ သူလဲ ဆော့ဘေးနားသာ ဝင်အိပ်လိုက်တာ။ ခါးတွေတောင့်နေရော!!
"မနက်စာ စားပြီးမှပြန် "
"ဟုတ်"
ဟိုဆော့လဲ တိတ်တဆိတ်ပဲ မင်းသားပြင်ပေးတဲ့ မနက်စာကို စားပြီး ခပ်တည်တည်နဲ့ထွက်လာခဲ့လိုက်ရသည်။ သူတကယ်ဘာမှ မမှတ်မိဘူး!!
🎈
"အဲ့တာ ကျွန့်တော့်ဟာဗျ!!"
"ကိုယ့်လက်ထဲ ရောက်နေပြီလေ "
ဟိုဆော့ အိမ်ပြန်လာတော့ ထမင်းစားခန်းမှာ အကြည်စိုက်နေတဲ့ မင်းသားဂျောင်ကုနဲ့ ဆော့ဂျင်ကို တွေ့သည်။ သူလဲ ကြောင်တောင်တောင်လေး ရပ်ကြည့်နေမိတော့ ဆော့ဂျင်က သူ့ကို သတိထားမိသွားပြီး ချောင်းတွေ ဆိုးတော့သည်။
![](https://img.wattpad.com/cover/343509013-288-k14401.jpg)