"ကင်မ်ထယ်ယောင်းကို သိလား!! မင်းသားလေ တက်သစ်စမင်းသား"
အမူးသမားလေးက လက်ညိုးတစ်ထိုးထိုးနဲ့ ပြောတာမို့ ထယ်ယောင်း ရီချင်တာကို ထိန်းကာ ခေါင်းညိမ့်ပြလိုက်သည်။ မကျေနပ်ချက်တွေများ ဖွင့်ဟမလား စိုးရိမ်ပေမဲ့ ထယ်ယောင်းကို ဘယ်လိုသဘောကျကြောင်း!! ဘယ်လိုချစ်ကြောင်းတွေပဲ ထပြောကာ သောင်းကျန်းသည်!!
"အဲ့မာန တစ်ခွဲသားနဲ့အကောင်!! ငါ့ကို ဟင့် ငါ့ကိုငြင်းတယ် မင်းရယ်!!"
"သူက ငါ့ကို မမှတ်မိဘူးထင်ပါရဲ့!! ငါကသာ ချစ်နေရတာ "
ပြောရင်းနဲ့ တစ်ခွက်ထက်မော့သေးသည်။ ထယ်ယောင်း ဟိုဆော့ကို အတူသောက်ဖို့ခေါ်မိတာ စကားအေးဆေးပြောရင်း တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လုပ်ချင်လို့ပင်။ ဒါပေမဲ့ အမူးသမားလေးကြောင့် လျို့ဝှက်ချက်တွေ တန်းဆီပြီး သူသိလိုက်ရသည်။
ဆော့က သူနဲ့ကျောင်းတုန်းက အခန်းဖော်တဲ့!! အမှန်တကယ်ကို အဲ့တုန်းက ဘယ့်သူ့ကိုမှ ရင်မခုန်ခဲ့တာမို့ သူက ခပ်ပြုံးပြုံးနဲ့ပဲငြင်းခဲ့တာ။ အဲ့တုန်းက သူ့ရှေ့က ဆော့ ပါမယ်မှန်းမသိ။ ပါးဖောင်းလေးက တစ်အီအီညီးညူပြီး အန်တော့မဲ့ပုံမို့ ထယ်ယောင်းတွဲလိုက်ကာ အိမ်သာဆီပို့လိုက်သည်။
အန်မလိုလိုနဲ့ သူ့ကိုသာ စိုက်ကြည့်နေပြီး သူ့ကြယ်သီးတွေကို ဖြုတ်လိုက် တပ်လိုက်လုပ်သည်။
"မင်းက လူပျိုလေးလား?"
"ဟမ်?"
"မင်းကို လျိူ့ဝှက်ချက် ထပ်ပြောပြမယ် ငါလဲ လူပျိုလေးပဲ ဟိ"
ပြောရင်းရှက်ကာ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးသေးသည်။ ထယ်ယောင်းမှာ အသဲယားမိသွားတာမို့ အံကြိတ်ထားရသည်။ သူဆော့ကို တစ်ခုခုလုပ်ပြစ်ချင်နေသည်လေ။
"အိပ်ရအောင်!!"
ထိုအခါ မော့ကြည့်တဲ့ကောင်လေးက ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ ကြက်ခြေခက်သိုင်းပြီး သူ့ကို လူယုတ်မာလိုကြည့်သည်။
"ငါလူပျိုဆိုပြီး အနိုင်မကျင့်နဲ့နော်!! ငါ့ရဲ့ပထမဆုံးကို ကင်မ်ထယ်ယောင်းကိုပဲပေးမှာ!!"