• 𝗐𝖺𝗋𝗇𝗂𝗇𝗀•
•
•
•"ဒါလေးတော့ စားလိုက်ပါ ဟျောင်းရယ်"
ဟျောင်းလို့ခေါ်သံကြောင့် ဟိုဆော့ပြုံးမိသွားပေမဲ့ ဒီကောင်လေးက သူ့ကို အယုံသွင်းနေတာကြောင့် မစားပဲ ပေကပ်နေတယ်။ ခုထက်ထိ ခြေထောက်မှာ ရှိနေသေးတဲ့ ကြိုးကိုပဲ စိုက်ကြည့်နေရင်း ဟိုဆော့အတွေးတွေက တောင်ရောက်မြောက်ရောက်။
"ဟျောင်း~~ မစားရင် ကိုယ်လဲ မစားတော့ဘူး"
ထိုအခါမှ ဟိုဆော့မှာ လှုပ်"ရှား" ဖြစ်သွားကာ ထယ်ယောင်းဘက်ကို လှည့်ကြည့်လာသည်။ မင်းသားက အမှန်တကယ်ကို စိတ်ညစ်နေတဲ့ပုံစံပေါက်နေပြီး သုံးရက်အတွင်းကို လူက ဖြူဖျော့နေတာ။
"ငါ အိမ်ပြန်ချင်တယ်ဆိုနေ"
ကျစ်!!
"မစားလဲနေ!!"
ယူလာတဲ့ဟာတွေအကုန် ပြန်သယ်သွားတဲ့ မင်းသားကြောင့် ဟိုဆော့ မျက်လုံးတွေ ဝိုင်းသွားရသည်။ မင်းသားက သူ့ကိုယ် လိုသလို ပုံသွင်းနေသလိုခံစားနေရသည်။ ခုဖြစ်ပျက်နေတဲ့ ပြသနာတွေကို ပြောပြသည်လဲ မဟုတ်။ အကြောင်းအရင်းမရှိပဲ ချုပ်နှောင်ထားတာ ဘယ်သူက လက်ခံနိုင်မှာလဲ။
ဟိုဆော့မှာ ကုတင်ပေါ်လှဲနေရင်းနဲ့ပဲ ပါးစပ်လေးဟကာ အိပ်ပျော်သွားတော့သည်။ သူ့ဖုန်းကိုရော သိမ်းသွားတာမို့ သူ့မှာ ဘာမှလုပ်မရ။
"တကယ်ကို ဆိုးလွန်းတဲ့ ဘေဘီ"
အခန်းဝက ချောင်းကြည့်နေတဲ့ ထယ်ယောင်းက သက်ပျင်းဖွဖွချသည်။ သူဟျောင်းကို ပိုတောင်လွှတ်ပေးချင်ပေမဲ့ သူ့မှာလဲ သူ့ကိစ္စနဲ့သူ။
"အခြေနေ ဘာထူးလဲ"
တစ်ဖက်က ပြောပြလာတဲ့ အရာတွေကို ထယ်ယောင်း မျက်ခုံးတွေ တွန့်ချိုးရင်းသာနာထောင်နေမိသည်။ ပိုက်စိတ်တိုက်ရှာနေလဲ တွေ့မှာ မဟုတ်ဘူး ဒါက သူ့ပိုင်နက်မို့လို့!!
"အွန်း~~~"
ခပ်အီအီညီးညူလာတဲ့ ဘေဘီကြောင့် ထယ်ယောင်းမှာ ကုတင်နားပြေးကပ်သွားရသည်။ နိုးလာတဲ့ ဟိုဆော့က ဘေးက ထယ်ယောင်းကို မြင်တော့ မျက်စောင်းထိုးပြီး မသိချင်ယောင်ဆောင်တယ်။
