(9) နှလုံး၏အဖြေအားနာခံ‌သင့်သော်

106 19 5
                                    


"ဟင့် သူ သူငါ့ကိုတကယ်မုန်းသွားပြီထင်တယ်ဂျီအန်း ဟင့် အကို အကိုငါ့ကိုမုန်းသွားပြီ ရွံလဲရွံသွားပြီ ငါ ငါ့ကိုတကယ်စွန့်ပစ်လိုက်ပြီ!!!"

"ဟင်....."

"ဟုတ်တယ်ဂျီအန်း ငါ ငါအကို့ကို ပြောလိုက်မိတယ်ဟာ အရင်လိုပြန်နေဖို့ ငါပြောလိုက်မိတယ် သူ သူငါ့ကိုတကယ်ရွံသွားပြီထင်တယ်ဂျီအန်း"

"ဂျောင်ဂုရယ် နင်ဘာလို့ အဲ့လိုလုပ်လိုက်ရတာလဲ ကိုကိုကနင့်ကို မုန်းနေတာသိသိရက်နဲ့ ငါပြောထားတယ်မလား ကိုကိုအားလုံးကိုတဖြည်းဖြည်းရိပ်မိလာတဲ့အခါမှ ငါတို့ဖွင့်ပြောကြမယ်လို့ အခုကိုကိုကဘာမှသိမသွားဘူးလား"

"ငါ ငါအကို့ကိုပြောပြဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ အမေခေါ်လို့ သူပြန်ဆင်းသွားတာ ငါ ငါမပြောလိုက်မိဘူး ပြောလိုက်ရင်ရော သူငါ့ကိုပိုဆိုးသွားမယ်ထင်တယ်ဂျီအန်းရယ် သူ့ညီမကိုဒီလိုလုပ်တဲ့ကောင်ကို သူပိုမုန်းသွားမယ်ထင်တယ်"

"အဲ့လိုမဟုတ်ဘူးလေ အဲ့လိုဖြစ်မှာမဟုတ်ဘူး ငါကအဲ့လိုလုပ်ခဲ့တဲ့သူမို့လို့ ငါကနင့်ကိုဒီလိုနေဖို့ပြောခဲ့တာမလား ငါလိုလိုလားလားနဲ့ ငါ့ဘက်ကအရင်ဒီလိုနေဖို့လက်ခံခဲ့တာပဲလေ ငါဖြေရှင်းပေးမှာပေါ့ ဟင့် စိတ်ချနော် နင်လက်မလျော့ပါနဲ့ ငါကကာကွယ်ပေးမှာမို့လို့"

ကင်မ်ဂျီအန်းသည် ထိုသို့စကား‌ဆိုပြီးဂျောင်ဂုအားရင်ခွင်ထဲသို့အနားခေတ္တအနားယူစေသည်။ မိနစ်ပိုင်းလောက်အကြာမှာတော့ ဂျောင်ဂုအဝတ်အစားလဲ၍အောက်သို့ဆင်းလာခဲ့သည်။ ဂျီအန်းနှင့်ဂျောင်ဂုသည် ဟန်ဆောင်လက်ထပ်ထားခြင်းဖြစ်သည် အဘယ်သို့‌ဆိုသော် ဂျွန်ဂျောင်ဂုနင့်ကင်မ်ဂျီအန်းတို့ လက်ထပ်မည်ဟူသောသီတင်းသည် ဖိတ်စာရိုက်ရုံတင်မကပေပဲ ဆွေမျိုးသားချင်း အသိုင်းဝိုင်းတူ မိတ်ဆွေ စီးပွားပြိုင်ဘက်များကြားတွင် အုပ်အုပ်ကြပ်ကြပ်ဖြစ်ခဲ့လေသည်။ ထိုသို့အခြေအနေထိရောက်လေခဲ့ပြီးမှ လက်ထပ်ပွဲအားဖြတ်သိမ်းလိုက်သည်ဟု ဖြစ်ခဲ့လျှင် အသိုင်းဝိုင်းများကြား၌ သိက္ခာကျအရှက်ရပေမည်ဖြစ်သည်။ ကွာရှင်းပေး‌မည်ဟုဖြစ်လာရခြင်းမှာလည်း ‌ဂျွန်ဂျောင်ဂုသည်ကင်မ်ဂျီအန်းအား သူမ၏အကိုအရင်းဖြစ်သူကင်မ်နမ်ဂျွန်းအားအမှန်တကယ်ပင် ချစ်မိခဲ့သည်။ ကင်မ်နမ်ဂျွန်းနှင့်ပတ်သက်၍ပြောမိခဲ့သည်များသည်လည်း အမှန်မဟုတ်ပဲ သတ္တိမရှိခဲ့ခြင်းကြောင့် ပြောမိခဲ့သည်ဖြစ်ကြောင်း အမှန်အစဉ်ပြောပြခဲ့သည်။ ထိုအခါကင်မ်ဂျီအန်းသည် သူမ၏အကိုအရင်းအားနှိမ့်ချပြောခဲ့သည်ကိုပင် နောက်တရဝမ်းနည်းမိနေပေတော့သည်။ ဂျွန်ဂျောင်ဂုအားလည်းလွန်စွာပင်ဒေါသထွက်ခဲ့လေသည်။ သို့ပေမဲ့ သူမသည် ဂျွန်ဂျောင်ဂုအားအမှန်တကယ်ချစ်ပါသည်။ ထို့နည်းတူ ကင်မ်နမ်ဂျွန်းဆိုသော သူမ၏အကိုဖြစ်သူအားလည်း သူမတကယ်ပင်ချစ်သည်။ အကိုဖြစ်သူသည် သူမ၏ဘဝတစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။ သို့ကြောင့် သူမချစ်သောထိုယောက်ျားနှစ်ဦးအား မခံစားစေလိုခြင်းဖြစ်သည်။ သူမစိတ်ဆုံးဖြတ်ခဲ့သည်။ သူမသည်ချစ်ရသူတို့အတွက်ပေးဆက်ခြင်းဖြင့်သာနေတော့မည်ဟုပင်ဖြစ်သည်။ သူမ၏အချစ်သည် ရယူခြင်းမဟုတ်သော ပေးဆပ်ခြင်းသည်သာဖြစ်သည်။

Do you love me? Where stories live. Discover now