"ကျောဘက်မှစိုစွတ်လာသောခံစားမှုတို့သည် ဘယ်သို့သောကြောင့်ဆိုသည်ကိုသူသိသော်ငြားလည်းနမ်းဂျွန်းနောက်သို့သာလှည့်ကြည့်လိုက်မိသည်။ ထင်သည့်အတိုင်းပင်ဖြစ်သည်။ စိုစိစိရင်ခွင်ကျယ်ကြီးထဲသို့ အံဝင်ခွင်ကျမဟုတ်ပဲကပ်လျက်အေနအထားဖြင့်ရှိလေသည်။ အရွယ်အစားတူညီသလောက်ရှိသည့် ယောက်ျားနှစ်ဦးတွင် တစ်ဦးကကျန်တစ်ဦးကိုတင်ကျပ်စွာပွေ့ဖတ်ထားသည်။ နမ်ဂျွန်းကြောင်အစွာ ဂျောင်ဂုနှင့်မျက်လုံးချင်းသာဆုံ၍ကြည့်နေမိသည်။ ထိုမှစက္ကန့်တံများအတော်ကြာအောင်ရွေ့လျားပြီးသည့်အခါတွင်ေတာ့ ဂျောင်ဂု၏ခပ်ထွေထွေအကြည့်တို့က နမ်ဂျွန်း၏မျက်လုံးများမှတစ်ဆင့် ထူပိန်းနီေဆွးသောနှခမ်းလွှာတို့ထံ စိုက်ရောက်သွားခဲ့လေသည်။ နမ်ဂျွန်းသည် ယခုအချိန်အထိပင် သတိမဝင်သေးပဲ ပွေ့ဖတ်ထားသူ၏ပြုမူသမျှကိုသာ မှင်သေစွာကြည့်နေမိသည်။ ထို့နောက်နမ်ဂျွန်း၏နှခမ်းလွှာတို့ထံ ဂျောင်ဂု၏နှခမ်းပါးပါးတို့နှင့် ကပ်လုဆဲသောအချိန်မှသာ နမ်ဂျွန်းသတိဝင်ကာ သူ့အားနမ်းရှိုက်ရန်ကြံရွယ်နေသူအား ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်ကာ ထိုသို့ပြောလိုက်လေသည်။"ဂျွန်ဂျောင်ဂု မင်ဒါဘာလုပ်ဖို့ကြံနေလဲဆိုတာငါသိတယ်နော် ငါမင်းကိုပြောပြီးသား ငါဒီကိုလာတာငါ့ညီမလေးကြောင့့်ပါလို့ ပြီးတော့ ငါမင်းကိုပြေပြေလည်လည်ဆက်ဆံနေတယ်ဆိုတာ အရင်က ကိစ္စတွေကိုဘာမှနောက်ကြောင်းဖော်ပြီး တွေးမနေချင်တော့လို့ ငါမင်းကိုကိုယ့်ယောက်ဖတစ်ယောက်လိုဆက်ဆံပေးနေတာ မင်းကိုသိပ်ပြီးပတ်သက်ချင်နေတယ်လို့ထင်မနေနဲ့ဂျွန်ဂျောင်ဂု အခုမင်းလုပ်ရပ်ကိုကြည့်စမ်း ငါအရမ်းစိတ်ပျက်တယ်ဂျောင်ဂု မင်းမှာ ကာမာပိုင်ဇနီးမယားရှိရဲ့သားနဲ့ကို မင်းငါ့ကို အခုလိုလုပ်ဖိုကြိုးစားတယ် မင်းကအရမ်းရွံဖို့ကောင်းတာပဲ ငါ့ညီမလေးကိုတောင် မင်းနဲ့စိတ်ချဖို့ကိုငါပြန်စဉ်းစားရတော့မယ်ထင်တယ် ဂျွန်ဂျောင်ဂု မင်းငါ့ညီမလေးနောက်ကွယ်မှာ ဘယ်နှယောက်ရှိနေပြီလဲ ဟမ် မင်း.."
"တော်တော့ အကို ကျတော်အကို့ကိုဒီလိုလုပ်တယ်ဆိုတာ ကျတော်အကို့ကိုချစ်လို့ အကို့ကိုချစ်လွန်းလို့ ကျတော်အရှက်မဲ့နေရတာပါအကိုရယ်..."
YOU ARE READING
Do you love me?
Fanfic"မင်းငါ့ကိုချစ်လား" "ဟင့်အင်း ငါမင်းကိုဘယ်တော့မှမချစ်ဘူး" #Idolကိုထိခိုက်လိုစိတ်မရှိပါဘူးကိုယ်ကြိုက်လို့ကိုယ်ရေးတာပါ #Kookjoon