(15) အခွင့်အရေး

111 19 7
                                    


နမ်ဂျွန်း စောင့်နေသည်မှာ တစ်ပတ်တောင်ကြာလာခဲ့သည်။ သို့သော် ဂျောင်ဂုမှာ ယခုချိန်ထိသတိမရသေးပေ။ နမ်ဂျွန်း စောင့်နေမိသည်။ ‌‌သူ့၏ချစ်ရသူသတိလည်လာမည်ကိုမျှော်လင့်တကြီးစောင့်နေမိသည်။ အကယ်၍များ သတိပြန်လည်လာခဲ့လျှင် သူဂျောင်ဂုအားခွင့်လွှတ်ပါသည်။ သူဂျောင်ဂုအား ချစ်ပါသည် ဟု ဝန်ခံချင်သေးသည်။ သို့သော် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါက ဘယ်လိုလုပ်ရမည်ဆိုသည်ကိုလည်း နမ်ဂျွန်းမတွေးထားမိပေ။ တွေးလဲမတွေးရဲပါ။ မျှော်လင့်ထားသောအချင်းအရာနှင့်ဆန့်ကျင်ဘက်ဖြစ်သော ၎င်းအဖြစ်အပျက်အား နမ်ဂျွန်းရင်ဆိုင်ရန် အင်အားမရှိပေ။ သူသိသည်။ သူဘယ်လိုမျှ ရင်ဆိုင်နိုင်မည်မဟုတ်မှန်း နမ်ဂျွန်းသိပါသည်။ ထိုအဖြစ်အပျက်သာဖြစ်ခဲ့လျှင် ထိုနေသည် နမ်ဂျွန်း၏ဘဝ၌အဆုံးသက်နေ့ပင် ဖြစ်ပေလိမ့်မည်။ 
အဖြစ်အပျက်များတည်ငြိမ်သွားတဲ့အချိန်မှသာ ကင်မ်ဂျီအန်းနဲ့ အမေဖြစ်သူကင်မ်ယူရှင်း အားအသိပေးလိုက်သည်။ အဖြစ်အပျက်အားကြားသည်နှင့် ရှိနေရာဒေသများမှ အမြန်ပဲ ပြန်လာခဲ့ကြသည်။ ဂျောင်ဂုအားလုပ်ကြံသော Goo Group၏ဥက္ကဌဖြစ်သူ ဂိုဆယ်ဟျော အားအမြန်ပင်ဖမ်းမိပြီး အရေးယူခဲ့သည်။ ဂိုဆယ်ဟျောနှင့်ဂျောင်ဂုသည် လွန်ခဲ့တဲ့လကပင် ကုမ္မဏီ၏အရေးပါသောပရောဂျက်တစ်ခုကြောင့် အချင်းများခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှ ထိုပရောဂျက်အားအပြိုင်လုနေခဲ့ကြ၍ ဂျောင်ဂုမှအခွင့်ရသွားခဲ့သည်။ ထို့ကြောင့် ဂိုဆယ်ဟျောသည် ဂျောင်ဂုအားအညိုးထား၍နှောက်ယှက်နေခဲ့သည်။ စီးပွားရေးအတွင်းနှောက်ယှက်မှုများရှိသော်လည်း ဂျောင်ဂုသည် သိပ်ပြီးအရေးမစိုက်ခဲ့။ ထိုသည်ကိုအားမရဖြစ်နေသည်မှာ ဂိုဆယ်ဟျောသာဖြစ်သည်။ ထို့ကြောင့်တစ်လလုံးအစီအစဉ်ဆွဲ၍ ဂျောင်ဂုအားယမာန်နေ့တွင်လုပ်ကြံနိုင်ခဲ့လေသည်။ ထိုအချင်းအရာကိုမည်သူမျှမသိသော်လည်း ဂိုဆယ်ဟျော၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ ဂျိုဂယောင်ရှင်း မှသိနေခဲ့သည်။ ဂျို‌ဂယောင်ရှင်းသည် ဂိုဆယ်ဟျော၏လုပ်ရက်များအား သဘောမကျသဖြင့် သက်ဆိုင်ရာနှင့် လာရောက်ပူးပေါင်းတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် တရားဥပဒေမှ ဂိုဆယ်ဟျောအား များစွာသော စွဲချက်များတင်၍တရားစွဲဆိုခဲ့သည်။  အစီအစဉ်စွဲ၍ကြိုတင်ကြံစဉ်မှု လုပ်ကြံမှု လူသက်ရန်ကြိုးပမ်းမှု ကိုယ်ထိလက်ရောက်ကျူးလွန်မှုများအပြင် အရင်ကပြုလုပ်ခဲ့သော စီးပွားရေးလက်စားမှု လိင်ပိုင်းဆိုင်ရာစော်ကားမှုများသည်လည်း ထပ်မံပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် ဂိုဆယ်ဟျောသည် ထောင်ဒဏ်တစ်သက်တစ်ကျွမ်း ချမှတ်ခြင်းခံခဲ့ရသည်။ 

Do you love me? Where stories live. Discover now