နမ်ဂျွန်း လဲဂျီအန်းကိုအသိပေးပြီးတာနဲ့မနက်မှာပဲအိမ်ကပြောင်းဖို့အတွက်အဆင်သင့်ဖြစ်နေသည်။ လူကအဆင်သင့်ဖြစ်နေပေမဲ့ နှလုံးသားကချစ်ရသူနဲ့ဝေးရာကိုမထွက်သွားချင်ဘူးလေ။သို့သော် နှင်တဲ့သူကချစ်ရသူကိုယ်တိုင်ဖြစ်နေတော့ ဖတ်တွယ်ထားရင် သူစိတ်ပင်ပန်းမှာစိုးရိမ်တာမို့ ချစ်သူစိတ်တိုင်းကျ နေပေးဖို့ပဲဆုံးဖြတ်လိုက်သည်။**~~အရာအားလုံးအဆင်ပြေခါနီးမှ ကံတရားရယ် ဘာလို့အဲ့လောက်ထိရက်စက်ရတာလဲ။ မောင်နဲ့အဆင်ပြေတော့မယ် ပျော်ရွှင်ရတော့မယ်ဆိုမှ ဘာလို့ကျွန်တော့်အပေါ်အဲ့လောက်ရက်စက်ရတာလဲ ကျွန်တာ်ဘာတွေအမှားရှိခဲ့လို့ မောင်နဲ့ကျွန်တော့်ကိုခွဲရက်ရတာလဲ ဟင် ကျေးဇူးပြုပြီး အခွင့်ရေးလေးပဲ တစ်ခါလောက်ပေးမယ်ဆိုရင် တစ်ခါပဲပေးမယ်ဆိုရင်ပေါ့ ကျွန်တော်အကောင်းဆုံးဖြစ်အောင်နေမယ်လို့ကတိပေးပါတယ် ကျေးဇူးပြုပြီး နောက်ဆုံးတစ်ကြိမ်ပဲ မောင့်ဖတ်က မသွားပါနဲ့လို့ပြောမယ်ဆိုရင် ကျွန်တော်သေချာပေါက်မောင့်အနားကလုံးဝထွက်မသွားတော့ပါဘူး စိတ်ရင်းနဲ့ဖြစ်ဖြစ် မတက်သာလို့ပဲဖြစ်ဖြစ် တစ်ခုပဲပြောပေးပါ မသွားပါနဲ့လို့ တစ်ခါပဲပြောပေးပါ မောင်~~**
နမ်ဂျွန်းထိုစကားတွေကို စိတ်ထဲကပဲကျယ်ကျယ်လောင်လောင်ရွတ်နေမိသည်။အထပ်ထပ်အခါခါ တောင်းဆိုနေမိသည်။ ရလိုရညား သူဂျောင်ဂုအနားမှာနေခွင့်ရအောင် ရင်နာနာနဲ့ပဲတောင်းဆိုနေမိသည်။ အခုချိန်မှာ ဂျောင်ဂုကဂျီအန်းဆိုတဲ့ညီမဖြစ်သူကိုပဲချစ်နေတယ်ဆိုပေမဲ့ သူဂျောင်ဂုကိုအနီးနားလေးကပဲ ငေးကြည့်နေချင်သည်။
"အကို.."
"မောင်!!"
"ဗျာ.ကျွန်တော့်ကိုဘယ်လို."
"အာ...အကိုတောင်းပန်ပါတယ် တစ်မျိုးမထင်ပါနဲ့ ဒါနဲ့ဘယ်သူမှာထားလို့လဲ.."
"အော် ဒီကဂျောင်ဂုဆိုတဲ့အကိုမှာထားတာဗျ မှာထားတာတော့ကြာပြီ ပစ္စည်းကလုပ်တာကြာတဲ့အရာဆိုတော့ ဒီအချိန်မှပို့ဖြစ်တာဗျ.. အကိုကဒီအိမ်ကမို့လား ဒီမှာလက်မှတ်လေးထိုးပေးပါဗျ ကျတော်တခြားပို့စရာရှိသေးလို့"
YOU ARE READING
Do you love me?
Fanfic"မင်းငါ့ကိုချစ်လား" "ဟင့်အင်း ငါမင်းကိုဘယ်တော့မှမချစ်ဘူး" #Idolကိုထိခိုက်လိုစိတ်မရှိပါဘူးကိုယ်ကြိုက်လို့ကိုယ်ရေးတာပါ #Kookjoon