(14) နောက်တ

100 18 6
                                    


ညသို့ရောက်သည့်တိုင်အောင်ဂျောင်ဂုပြန်မလာခဲ့ချေ။ "ညကျရင်တွေ့မယ်နော်"ဟုပြောသွားသောစကားအား နမ်ဂျွန်းသတိတရရှိနေမိသည်။ ပြန်မလာစေချင်သော်ငြားလည်း ယခုတော့စိတ်ပူနေမိသည်။ ပြန်မလာစေချင်သည်က ဂျောင်ဂုအားမျက်နှာချင်းမဆိုင်ချင် ခြင်းကြောင့်ဖြစ်သည်။ သို့သော် ဂျောင်ဂုပြောသွားသောစကားကြောင့် ပြန်မလာသေးသည်က ဘာများဖြစ်နေသလဲဟူ၍ နမ်ဂျွန်းစိတ်ပူမိခြင်းဖြစ်သည်။ ဂျောင်ဂုသည် သူ့သူငယ်ချင်းတွေနှင့် ရှိနေမည်ကို သိသော်လည်း စိတ်ပူမိသည်မှာ အမှန်ပင်ဖြစ်သည်။ ‌ဟန်ဆောင်နေပါသော်ငြားလည်း သူဂျောင်ဂုအားချစ်သည်မဟုတ်လား။ မနက်3နာရီပင်ထိုးနေလေပြီ။ ယခုချိန်ထိ ဂျောင်ဂုတစ်ယောက်အိမ်ပြန်မလာသေးပေ။ မမြင်ချင်းဘူးဟုပြောလိုက်သော်လဲ ထိုအချိန်အထိပင် နမ်ဂျွန်းစောင့်နေမိပါသည်။ အိပ်ချင်စိတ်လဲမရှိပါ။ သူဂျောင်ဂုကိုပြောစရာများရှိသည်။‌ သို့သော် ထိုအကြောင်းအားသူသေချာမတွေးမိတော့ပေ။ စိုးရိမ်စိတ်များကပင် အကြောင်းမရှိ ပြည့်နှပ်နေသည်။ သူဘာကိုစိုးရိမ်းနေသလဲဆိုတာကိုပင် နမ်ဂျွန်းမသိတော့။ ရင်ထဲတွင်ပူလောင်ကာ တဒိတ်ဒိတ်ခုန်နေသည်။ ကိုယ်တိုင်ပင်အကြောင်းအရင်းသေချာမသိသည့်ကိစ္စကြီးတစ်ခုအား ရင်ထိပ်စွာဖြင့် ပူပန်နေမိသည်။ နမ်ဂျွန်းဆိုဖာပေါ်ထိုင်နေစဉ် စားပွဲပေါ်မှ ဖုန်းသည် တုံခါလာသည်။ ထိုသည်က ဂျောင်ဂု၏ဖုန်းနံပါတ်ပင်ဖြစ်သည်။ နမ်ဂျွန်းသည် မဆိုင်သလိုနေမည်ဟုတွေးလိုက်သော်လည်း သူ၏လက်များကတော့ဖြင့် လျှင်မြန်စွာပဲ ဖုန်းကိုကောက်ကိုင်လိုက်သည်။ ထို့နောက် ဖုန်းကိုလက်ခံလိုက်၍ နားတွင်ကပ်၍တိတ်တစိတ်ပဲနားထောင်မိနေသည်။

"ယော်ဘိုဆယ်‌ယို..... ‌ယော်ဘိုဆယ်ယို"

"ဟုတ်ကဲ့ ပြောပါ"

"ဒါက ဂျွန်ဂျောင်ဂုရှီးး ရဲ့ချစ်သူလားမသိဘူး"

" ဟင်မ မဟုတ်ပါဘူး ကျတော်ကသူ့ယောက်ဖပါ"

"အော် ဟုတ်ကဲ့ ဂျွန်ဂျောင်ဂု မတော်တဆဖြစ်လို့ (*****)ဆေးရုံကိုလာခဲ့ပေးပါနော်"

"ဗျာ ဂျောင် ဂျောင်ဂု ဘယ်လို "

"ဟုတ်ကဲ့ဆေး ရုံရောက်ရင်အကြောင်းအရင်းကိုအသေးစိတ်ပြောပြပါ့မယ်ဗျ ယခု ခွဲစိတ်ဖို့အတွက် အုပ်ထိန်းသူလက်မှတ်အရေးကြီးနေလို့ပါဗျ အမြန်လာခဲ့ပေးပါဗျ"

Do you love me? Where stories live. Discover now