"ဟျောင်းးးဂျင်ဟျောင်းးး"
"ဟမ်."
"ဘာတွေတွေးနေတာလဲ"
"ကိုယ်....ကိုယ်လေ..."
"အွန်း ဘာဖြစ်လို့လဲ"
"ကိုယ်....ကိုယ်မှာထားတဲ့ဟာ အဲ့ဒါ မနက်လာပို့မယ်ဆိုလို့ တွေးမိသွားတာ"
"အော် ကျွန်တော်ပြောတာနားထောင်ပေး"
"ဘာကိုလဲ"
"ကျွန်တော့်မှာ ရင်ဖွင့်စရာ ဟျောင်းပဲရှိတာ"
"ပြောပါ ဟျောင်းနားထောင်ပေးမယ် ဟျောင်းကမင်းအနားမှာအမြဲရှိပြီး မင်းပြောသမျှတွေကိုနားထောင်ပေးမယ် အဲ့ဒါကြောင့် ပြောချင်နေသမျှကို ဘာမှမတွေးပဲဒီတိုင်းပြောလိုက် နော်"
"ကျွန်တော်လေ အရမ်းပင်ပန်းတာပဲ ဟျောင်းရယ်။ အရင်ကမြိုသိပ်ထားခဲ့ပြန်တော့ သူကအတင်းဖွင့်ချေအာင်လုပ်ခဲ့တယ်။ နောက်ပြီးဖွင့်ချမိပြန်တော့ ဒဏ်ရာတွေကိုသူကပဲပေးသွားတယ်။ နောက်ပြီး အဝေးဆုံးကိုထွက်သွားပြန်တော့လည်း သူကပဲပြန်ခေါ်တယ်။ တွန်းထုတ်နေပြန်တော့လဲ သူကပဲအကြိမ်ကြိမ်ဖတ်တွယ်လာတယ်။အခုနောက်ဆုံးကျွန်တော်တို့လက်တွဲဖို့အသင့်ဖြစ်နေကြပြီဆိုမှ ကံကြမ္မာကကျွန်တော်တို့ကို ထပ်ပြီးဝေးအောင်လုပ်တယ်။ ဟျောင်းးး ဘာလို့ ကျွန်တော့်ကိုမှလဲဗျာ...ဟားးး"
နမ်ဂျွန်းရဲ့ပုံစံကြောင့် အဆင်ပြေနေတယ်လို့ထင်ခဲ့ပေမဲ့ အခုမှ နမ်ဂျွန်းရင်ထဲကခံစားချက်တွေကိုဆော့ဂျင်သိလိုက်သည်။ လဲကျမတက်ငိုနေသောနမ်ဂျွန်အား ဆော့ဂျင်ဘယ်လိုမှမနှစ်သိမ့်ပေးတတ်တော့ပေ။ နမ်ဂျွန်းအတွက်အခုချိန်သူပေးနိုင်တဲ့အရာဟာ နမ်ဂျွန်းရဲ့မျက်ရည်တွေလူမမြင်အောင်ပုန်းခိုဖို့အတွက် ရင်ခွင်တစ်ခုသာဖြစ်သည်။
____________________________________
"အချစ် ကိုယ်တို့ဝိုင်းကဘယ်မှာလဲ "
"ဟိုဘက်မှာ လာ."
ဂျောင်ဂုလဲ ဂျီအန်းခေါ်ရာလိုက်ခဲ့ပြီး မျက်လုံးကိုဝေ့ဝိုက်ကြည့်မိတော့ ကင်မ်ဆော့ဂျင်ဆိုသောလူကိုတွေ့လိုက်သည်။ဂျောင်ဂုဆော့ဂျင်ကိုသိသည်။ သိဆို ဂျီအန်းနဲ့ကြိုက်ခါစက အကိုလိုသဘောထားရသူဆိုပြီးမိတ်ဆက်ပေးဖူးလို့ မရင်းနှီးပေမဲ့ အခေါ်အပြောတော့ရှိခဲ့သည်။ ထို့ကြောင့် ဂျောင်ဂု၏မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းထဲ ဆော့ဂျင်လဲ ရှိနေသေးသည်။ သို့သော် နမ်ဂျွန်းမသိအောင် ဆော့ဂျင်နဲ့ဂျောင်ဂု နမ်ဂျွန်းအားအပြိုင်လုခဲ့ကြသောအကြောင်းအရာတချို့ကိုတော့ ဂျောင်ဂုမမှတ်မိ။
YOU ARE READING
Do you love me?
Fanfiction"မင်းငါ့ကိုချစ်လား" "ဟင့်အင်း ငါမင်းကိုဘယ်တော့မှမချစ်ဘူး" #Idolကိုထိခိုက်လိုစိတ်မရှိပါဘူးကိုယ်ကြိုက်လို့ကိုယ်ရေးတာပါ #Kookjoon