တိတ်ဆိတ်၍ကြည်လင်သည့်အလင်းရောင်တို့ဟာ ပြတင်းပေါက်မှန်မှတဆင့် နမ်ဂျွန်း၏ကိုယ်ပေါ်သို့ဖြာကျနေသည်။ အာရုဏ်ထဲသို့တိုးဝင်လာသည့် ခပ်စူးစူးအလင်းရောင်ကြောင့် နမ်ဂျွန်း၏ ငြိမ်သက်နေသောမျက်လုံးများမှာအစစဖြင့်လှုပ်ရှားလာခဲ့သည်။ညကညဉ့်နက်သွားသောကြောင့် နမ်ဂျွန်း၏အာရုဏ်တို့မှာကြည်လင်၍မနေချေ။ ဦးခေါင်းခွံအားအတွင်းပိုင်းမှကိုင်ရိုက်နေသယောင် နာကျင်လျက် မျက်လုံးအစုံအား အားယူ၍ဖွင့်လိုက်သည်။ ကိုက်ခဲနေသော ဦးခေါင်းအား လက်ဖနှောက်ဖြင့်အသာဖိကာ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။ ဟာနေသော အထိအတွေ့ကြောင့် မိမိကိုယ်ပေါ်သို့ကြည့်လိုက်ရာ အဝတ်များမှာ အလုံးစုံကင်းမဲ့လို့နေသည်။ ထို့နောက် အနည်းငယ်လှုပ်ရွနေသောဘေးဘက်ကိုကြည့်လိုက်သည်။ မှောက်လျက်အနေအထားဖြင့် မိမိဘက်သို့ ခေါင်းလှည့်ကာ နှစ်နှစ်ချိုက်ချိုက်အိပ်နေသော ထိုအမျိုးသားသည် မနေ့ညက သူနှင့် ထိတွေ့ဆက်ဆံခဲ့သော ဂျွန်ဂျောင်ဂုဖြစ်သည်။ ရုတ်ချည်းဆိုသလိုလန့်မိသွားသော်လည်း မနေ့ညကအဖြစ်အပျက်များသည် မှတ်ဉာဏ်ထဲသို့ တပြိုင်နက်ဝင်ရောက်လာသည်။ ထို့နောက် ဘေးဘက်ရှိအိပ်နေသောယောက်ျားဟာ လှုပ်လှုပ်ယွယွဖြစ်လာသည်။ နိုးလာလျှင်အဖြစ်အပျက်ကို ပြန်ပြောမယ်ကိုရှက်မိသဖြင့် ထထွက်သွားရန်ပြင်လိုက်သည်။ သို့သော် အချိန်မမှီလိုက်ေပ။ ဂျောင်ဂုသည် သူ့၏လက်မောင်းအားဆွဲလှဲ၍ နမ်ဂျွန်းအားရင်ခွင်၌ မျက်နှာအပ်စေသည်။ ထို့နောက်ဂျောင်ဂုမှ ထိုသို့စကားဆိုလာသည်။"ဘယ်သွားမလို့လဲအကို နေပါဦး ဖတ်ထားချင်လို့"
"မင်း ငါ့ကိုခနလွှတ်ပေးပါ ငါစိတ်မကြည်သေးလို့"
နမ်ဂျွန်းလေသံအေးအေးဖြင့်တုံ့ပြန်လိုက်သည်။ ထိုမှသာ ဂျောင်ဂုသည် နမ်ဂျွန်းအား ဖတ်ထားသည်ကိုအနည်းငယ်လျှော့ပေးလိုက်သည်။ သို့သော် အလုံးစုံလွှတ်ပေးလိုက်ချင်းတော့မဟုတ်။ နမ်ဂျွန်းလဲ ပြောမရမည်ကို သိသောကြောင့် ဘာမျှဆက်မပြောမိ။ အသာလေးသာငြိမ်နေမိသည်။ နမ်ဂျွန်းငြိမ်နေခြင်းသည် ဝေခွဲမရနေခြင်းသာဖြစ်သည်။ နှလုံးသား၏အလိုအတိုင်းဆက်လိုက်ရမလား။ အရင်အတိုင်း ဆန့်ကျင့်ရမလား ဟူ၍ဖြစ်သည်။ ခနအကြာတော့ နမ်ဂျွန်းသည် ဖတ်ထားခြင်းမှရုန်းထွက်ရန်ပြင်နေသည်။ ဂျောင်ဂုသည် ဖတ်ထားသောလက်မောင်းတို့အားပိုမိုတင်းကျပ်စေလိုက်၍ ထိုသို့စကားဆိုလိုက်သည်။
YOU ARE READING
Do you love me?
Fanfic"မင်းငါ့ကိုချစ်လား" "ဟင့်အင်း ငါမင်းကိုဘယ်တော့မှမချစ်ဘူး" #Idolကိုထိခိုက်လိုစိတ်မရှိပါဘူးကိုယ်ကြိုက်လို့ကိုယ်ရေးတာပါ #Kookjoon