(17) away from us

140 12 7
                                    


ဂျောင်ဂုဆေးရုံကဆင်းတော့ အိမ်ကိုပဲတန်းပြန်ခဲ့ကြသည်။ ဆေးရုံကဆင်းတဲ့နေ့ကစပြီးဂျောင်ဂုရဲ့အပြုအမူတွေကနမ်ဂျွန်းအပေါ်မှာ အစိမ်းသက်သက်ဖြစ်လာခဲ့သည်။ တစ်ခါတစ်ရံ မျက်နှာချင်းဆိုင်ရသည့်အချိန်မှာအကြိမ်းနည်းနည်းသာရှိတော့သည်။ ဂျောင်ဂုနှင့်ဂျီအန်းကတော့ပုံမှန်လင်မယားပုံစံပဲနေဖြစ်ခဲ့သည်။ ဂျီအန်းကသိပ်မပူးမကပ်သော်ငြားလည်း ဂျောင်ဂုမှာအမြဲလိုလိုဂျီအန်းအနားပဲကပ်နေတတ်သည်။

"ဘေဘီ ကိုယ်ပြောစရာရှိတယ်"

"အိုပါးဘာပြောမလို့လဲပြောလေ"

"အင်းးး ကိုယ်တို့နှစ်ယောက်တည်းခွဲနေရအောင်"

"ဟင် ဘာလို့လဲ အခုလဲအဆင်ပြေတာပဲကို "

"ကိုယ်အလွတ်လပ်ဘူး ကိုယ်ပြောရင်ဘေဘီစိတ်မခုရဘူးနော်"

"ဘာမို့လို့လဲ‌ ပြောလေ"

"အင်းးးးကိုယ်သတိစရတဲ့နေ့တုန်းက သူ သူကိုယ့်ကိုနမ်းတယ်"

"ဟင် အဲ့ အဲ့ဒါဘာဖြစ်လို့လဲ"

"ဘေဘီတို့ကိုယ့်ကိုမပြောပြတဲ့အကြောင်းတွေရှိသေးတယ်မလား "

"ဟင် မ မရှိပါဘူး"

"မဟုတ်ဘူး ကိုယ်သိတယ် ဘေဘီ့အကိုနဲ့ကိုယ့်ကြားထဲမှာတစ်ခုခုရှိကိုရှိရမယ်"

"အဲ့ဒါက..."

"သူကိုယ့်ကိုကြည့်တဲ့အကြည့်တွေကို ကိုယ်မကြိုက်ဘူး ယောက်ျားချင်းဖြစ်ပြီး ကိုယ့်ကိုသူ့ချစ်သူရည်းစားလိုမျိုးကြည့်နေတာ ကိုယ်မသထီဘူးဘေဘီ ကိုယ်..."

"အိုပါး ဘေဘီ့ကိုကိုကအဲ့လိုမဟုတ်ပါဘူး အဲ့လိုမပြောပါနဲ့"

"ကိုယ်တောင်းပန်ပါတယ် ကိုယ်တို့အိမ်ခွဲနေရအောင်နော် မဟုတ်လဲ သူ့ကိုတခြားနေခိုင်းလိုက်လေနော်"

"အဲ့ဒါက..."

"ဂျီအန်းနားးးး"

"ဟင် ကိုကို"

"တံခါးဖွင့်ပါဦး ကိုကိုပြောစရာရှိလို့"

"ဟုတ် လာပြီကိုကို"

" ဂျီအန်းနားးး ကိုကို အိမ်ပြောင်းနေတော့မလို့"

"ဟင် ဘာလို့လဲ မလို.."

"ဒီတိုင်း တစ်ယောက်တည်းနေချင်လို့ပါ"

"အင်းးးးးကိုကိုနေချင်တယ်ဆိုလဲသဘောပါ ဒါပေမဲ့.."

"ကိုကို သိပါတယ် ထားလိုက်ပါတော့ ကိုကိုမေ့လိုက်တော့မယ် ညီမလေးတို့ဒီတိုင်းလေးပဲနေပါတော့ သူ့ကိုလဲသတိရအောင်ကြိုးစားမနေပါနဲ့တော့"

"ဟုတ် အဲ့ဒါဆို ကိုကိုကဘယ်တော့"

"မနက်ပဲသွားတော့မယ်ဂျီအန်း "

"ဟင် ချက်ချင်းကြီး ကိုကိုရယ်"

"အွန်း ကိုကိုချက်ချင်းပဲသွားတော့မယ် ဘာမှမတွေးနဲ့တော့နော် ဒါကကိုကို့ဆုံးဖြတ်ချက်မို့လို့ပါ"

"ဟုတ်ကဲ့ပါ"

" အင်း ကိုကိုသွားအိပ်တော့မယ် ညဉ့်မနက်စေနဲ့နော်"

"ဟုတ် ကောင်းသောညပါကိုကို"

"အွန်းပါ"

နမ်ဂျွန်းသူမတို့ပြောနေတာတွေကိုကြားသွားတယ်ဆိုတာကိုဂျီအန်းသိသည်။ သူတကယ်နမ်ဂျွန်းနဲ့ဂျောင်ဂုကိုပြန်အဆင်ပြေ‌ေစချင်ပါသည်။ အခုနမ်ဂျွန်းကအိမ်ခွဲနေတော့မယ်ဆိုတော့ဂျီအန်းတကယ်စိတ်မကောင်းဖြစ်နေမိသည်။ ‌သို့ပေမဲ့ ဂျောင်ဂုကသတိမရသေးဘူးဆိုတော့ ဒီတိုင်းဆက်နေလို့နောက်ဖြစ်ပျက်လာမဲ့အကြောင်းအရာတွေကိုသူမတွေးလည်းပဲသဘောပေါက်နေသည်။ နမ်ဂျွန်းစီစဉ်တဲ့အတိုင်းသာသူနေရတော့မည်ဖြစ်သည်။

"ဘေဘီ့အကိုဘာပြောတာလဲ"

"အင်းးး ကိုကိုအိမ်ခွဲနေမလို့တဲ့"

"ဟင် တကယ်လား"

"ဟုတ်တယ် ဘေဘီတို့ပြောနေတာတွေကို ကိုကိုကြားသွားတယ်ထင်တယ်"

"ဟုတ်လား ဘယ်လိုပဲဖြစ်ဖြစ် လူချင်းတွေ့မပြောရတော့တော်သေးတာပေါ့"

"အွန်းပါ "

"ဘေဘီ့အကိုက ဘယ်တော့သွားမှာလဲ"

"မနက်သွားမယ်တဲ့ "

"အော်...."
ပြေစရာရှိတာပြောကြပြီးဂျောင်ဂုတို့အိပ်ရာဝင်ကြသည်။လိုချင်တာရသွားပေမဲ့ဂျောင်ဂုမှာကျေနပ်သည့်ပုံမပေါ်။စိတ်ထဲမှာလေးနေသေးသည်။ နမ်ဂျွန်းနဲ့အတူရှိနေရင် ဂျောင်ဂုစိတ်ထဲမနေနိုင်ဖြစ်နေတတ်သောကြောင့် အိမ်ပြောင်းနေဖို့ပြောခဲ့ခြင်းဖြစ်သည်။ တကယ်ပဲခွဲနေမယ်လို့သိလိုက်တော့ ဂျောင်ဂုစိတ်ထဲပိုလို့တောင်မသက်မသာဖြစ်နေသေးသည်။

Jk pov
*ငါဘာဖြစ်နေတာလဲ အိမ်လဲခွဲတော့မှာကို ဘာလို့ဒီတိုင်းကြီးဖြစ်နေရတာလဲ ကျစ်!! စိတ်ရှုပ်လိုက်တာ ဘာတွေမှန်းကိုမသိတော့ဘူး*

____________________________________

Do you love me? Where stories live. Discover now