(10) နှလုံးသားအားလိမ်လည်ခဲ့သည်။

85 18 5
                                    


*ကျတော်စိုးရိမ်မိသည်။ မောင့်ဆီပြန်တိမ်းညွှန့်မိသွားမည်ကို ကျတော်လွန်စွာပင်စိုးရိမ်မိသည်။ မောင်သည် ညီမ‌အရင်းဖြစ်သူ၏လင်ယောက်ျား တနည်းအားဖြင့် ကိုယ့်၏ယောက်ဖတော်ဆက်သည်မဟုတ်ပေလား။ ကျတော်နှစ်ကြိမ်ထပ်ပို၍မမိုက်မဲချင်တော့ပေ။ ပြီးလာခဲ့သည့် 1နှစ်ကျော်ဆိုသော ကာလအတွင်းတွင် ကျတော်အရားအားလုံးကိုပြန်လည်သုံးသပ်၍နောက်တ များစွာရခဲ့သည်။ အားလုံးကမောင့်အမှား‌ချည်းသာမဟုတ်ပေ။ ကိုယ့်အမှားများလည်းပါခဲ့သည်လေ။ မောင့်ကိုအပစ်တင်သည်ဆိုသော်ငြားလဲ ကိုယ်ကလဲ အမှားကိုသိသိရက်နှင့်ပင် နှစ်ကြိမ်နှစ်ခါမြောက်ကြူးလွန်ခဲ့သည်မဟုတ်လား။ သို့ကြောင့် ‌ခံစား ချက်ကိုပင်လစ်လှူရှု၍မောင့်ဆီကိုမတိမ်းညွှတ်ရန်သာ ကြိတ်မှိတ်နေရတော့မည်။*

နမ်ဂျွန်ရေးလက်စသူ့၏ဒိုင်ယာရီစာအုပ်အားပိတ်၍အိပ်ရာဝင်ရန်သာကြိုးစားတော့သည်။ထိုစဉ် သူ့၏အခန်းတံခါးအား ကြားလောက်ရုံခေါက်လာခဲ့သည်။

"ကိုကို ကိုကို! "
ခေါ်လာသူမှာညီမဖြစ်သူဖြစ်သောကြောင့်နမ်ဂျွန်းတုံ့ဆိုင်းမနေပဲတံခါးဆီသို့လျှောက်လာခဲ့လိုက်သည်။

"ဂျီအန်း ဘာဖြစ်လို့လဲ"

"ဟို ဂျီအန်းပြောစရာရှိလို့"

"အော် အင်း အထဲဝင်လေ"

"ဟုတ် "
ဂျီအန်းလည်းနမ်ဂျွန်းအခန်းထဲရှိကုတင်အိအိပေါ်သို့တက်ထိုင်လိုက်သည်။ထိုစဉ်ဂျီအန်းသည် "ကိုကိုကတော်တော် နူညံ့တာတွေကြိုက်တာပဲ ငါ့ကုတင်တောင်ဒီလောက်အိစက်မနေဘူး ဒါနဲ့များ ဘာလို့သန်မာချင်ယောက်ဆောင်ရတာလဲကိုကိုရယ်" ဟုသာတွေးလိုက်မိသည်။ ထို့နောက်နမ်ဂျွန်းဘက်မှ စကားစမှသာ လာရင်းအကြောင်းပြောဖို့သတိရလေတော့သည်။

"ဂျီအန်းနား ဘာစဉ်းစားနေတာလဲ ကိုကို့ကိုပြောစရာရှိတယ်ဆို"

"အော် ဟုတ်တယ် ကိုကို ဂျီအန်းမနက်ဖြန် ဘူဆန်ကိုသွားရမယ်"

"သွားလေ ဘယ်တော့ပြန်လာမှာလဲ "

"ဟို နှစ်လကျော်လောက်တော့ကြာမယ် ကိုကို"

"ဟင်"

Do you love me? Where stories live. Discover now