(7) ချစ်မိခဲ့ကြောင်း

94 19 6
                                    


*အမေက ဟာဝါအီကိုသွားမယ်လို့ပြောပေမဲ့ ဒီလောက်ချက်ချင်းကြီးလို့တော့ ကိုယ်မထင်ခဲ့တာအမှန်ပေ။ အနည်းဆုံးတစ်ပတ်လောက်နေမှ သွားမယ်လို့ထင်ခဲ့ခြင်းဖြစ်သည်။ တကယ်ပဲ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို အမေတစ်ခုမှမသိလေလျော့သလား ညီမလေးကရော တကယ်ပဲဘယ်သူ့ကိုမှမပြောပြခဲ့လေသလား ကိုယ်တွေးမိသည်။ ဒါကြောင့်လဲ အမေကစိတ်ချလက်ချထားခဲ့နိုင်ခြင်းထင်သည်။ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကမနေ့တနေ့ကလို‌ပင်။ မေ့ဖျောက်၍လဲမရ သူ့အလိုတိုင်းလဲဦးနှောက်ထဲမှပျောက်ပျက်မသွားပေ။  အနေဝေးရင် မေ့နိုင်မယ်လို့ထင်ခဲ့သည်ကမှားခဲ့လေသည်။ တကယ်တမ်း အမှန်တကယ်ချစ်နေခဲ့လေတော့ အချိန်တွေကြာပြီး အဆက်အသွယ်မရှိခဲ့ပေမဲ့လည်း မေ့ဖျောက်မရခဲ့ပေ။ ယခုမောင့်ကိုတွေ့လိုက်‌ရတော့  ပျက်ပျယ်နေသည်ဟုထင်ခဲ့လေသော ခံစားချက်‌တို့မှာ တဖန်ပြန်ဖြစ်ပေါ်လာခဲ့သည်။ ကိုယ်က အရင်တည်းက LGBTကို မရှုံ့ချခဲ့သလို ထောက်လဲမထောက်ခံခဲ့သူဖြစ်သည်။ ကိုယ်ကLGBTတစ်ယောက်ဖြစ်လာခဲ့မည်ကိုကြိုသာသိနေခဲ့လျှင် ‌မဖြစ်လေအောင် ကြိုတင်ပြင်ဆင်ခဲ့မိလေမလားတောင်မသိပေ။ ထိုအသိုင်းအဝိုင်းကို မမုန်းပါသော်ငြားလည်း၊ တခြားသူတစ်ယောက်က ထိုအသိုင်းအဝိုင်းထဲမှ လူဖြစ်နေခဲ့လျှင်လဲ လက်ခံပေးနိုင်ခဲ့သော်ငြားလည်း သို့သော် သို့သော်လည်းပေါ့ ကိုကိုယ်တိုင် ထိုလူတစ်ယောက်ဖြစ် လာခဲ့ လေတော့ အလွန်ပင်ဝမ်းနည်းမိသည်။ ဖြစ်တည်ခဲ့ခြင်းကိုလက်မခံခဲ့မိ။ ဘာကြောင့်လဲဟုသာ အကြိမ်ကြိမ်မေးမြန်းနေခဲ့မိသည်။ သို့ပေမဲ့ ကိုယ်လက်ခံခဲ့သည့်အချိန် သိလိုက်ရသည်က ထိုသို့လူတစ်ယောက်ဖြစ်ဖို့ ဘယ်သို့‌ေသာအကြောင်းပြချက်မှမလိုအပ်ပေ။ ကိုယ်ချစ်မိသူက ဘယ်လိုလိင်မျိုးဖြစ်နေခြင်း‌နှင့်သာဆိုင်သည်။ တချို့သောသူတွေက မွေးရာပါလိုမျိုး ဖြစ်နေခဲ့ပါသော်လည်း ကိုယ်ကတော့ သူ့တစ်‌ယောက်ကြောင့်သာ ဖြစ်ခဲ့ရခြင်းပင်ဖြစ်သည်။ အိမ်ယာထထခြင်းစဉ်းစားမိသည့်အကြောင်းအရာများက များလွန်းလှသည်။ တကယ်လဲ တွေးနိုင်လွန်းသည့် ခေါင်းပါလေ။ အတွေးတွေကိုထိုမှာတင်လက်စသက်ခဲ့ပြီး ထိုအတွေးများကိုချရေးမိလေသော ဒိုင်ယာရီစာအုပ်အား ပိတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။*

Do you love me? Where stories live. Discover now