( 16 ) don't forget me

119 12 3
                                    

"အ အကို"

"ဟင်"

"ဘာ ဘာလုပ်တာလဲ "

"ဟင် မောင် မောင်နိုးလာပြီနော် ဟင့် ငါဝမ်းသာလိုက်တာ‌‌ေမာင်ရယ် doctorခေါ်ရမယ် doctor!!!"

ဆရာဝန်ခေါ်ရန်ပြေးသွားမည့်အချိန် ရုတ်တရက်ကြားလိုက်ရသော စကာစလုံးအချို့က အံ့ဩမှုတို့နှင့်အတူ ဝမ်းနည်းမှုတို့ကိုပါဖြစ်စေခဲ့သည်။

"ဘာကိုမောင်လဲ ဘာတွေပြောနေတာလဲ ကျတော်ဘာဖြစ်တာလဲ ဘာလို့ကျတော့်ကို ခဗျားကနမ်းတာလဲ ကျတော်ခဗျားညီမရည်းစားဆိုတာမသိဘူးလား"

"မောင် မောင်ဘာတွေပြောနေတာလဲ မောင်မမှတ်မိဘူးလား မင်းနဲ့ငါက"

"ဟာ ဘာမောင်လဲ ကျတော်ဘာလို့လှုပ်လို့မရတာလဲ အားးးး"

"မောင်! အရမ်းမလှုပ်နဲ့နော် ငါနောက်မှရှင်းပြပေးမယ် အ အခုငြိမ်ငြိမ်လေးနေ ငါဆရာဝန်သွားခေါ်လိုက်ဦးမယ် နော်မောင်"

"နေ.."

ဂျောင်ဂုစကားထပ်မပြောခင် နမ်ဂျွန်းအမြန်ထွက်လာခဲ့သည်။ "မောင်ကအခုသူ့ကိုမမှတ်မိဘူးလား။ ညီမလေးကိုတော့မှတ်မိပြီး ငါ့ကိုကျဘာလို့လဲ" ဟုသာနမ်ဂျွန်းရေရွတ်ရင်းတာဝန်ကျဆရာဝန်အားသွားခေါ်လာခဲ့သည်။ ဂျီအန်းတို့လဲသတင်းကြားကြားချင်း‌အမြန်လာခဲ့ကြသည်။နမ်ဂျွန်းဖုန်းဆက်တာကြောင့်ဂျီမင်းတို့အတွဲလည်းရောက်လာခဲ့သည်။ ဆရာဝန်၏စစ်ဆေးမှုမပြီးတွင် ဆရာဝန်ထံမှဖြေရှင်းချက်ထွက်လာခဲ့သည်။

"လူနာက Alzheimerရောဂါတစ်မျိုးကိုခံစားနေရတာပါ လူနာက မတော်တဆဖြစ်တဲ့အချိန်မှာ ခေါင်းထဲရောက်လာတဲ့အကြောင်းအရာအားလုံးမေ့ပျောက်သွားပြီးတော့ အဲ့မတိုင်ခင်ကဖြစ်ခဲ့တဲ့အဲ့ဒီအ‌ေကြာင်းအရာ‌ေတွနဲ့မသက်ဆိုင်တဲ့အခြားအကြောင်းအရာတွေကိုပဲမှတ်မိနေမှာပါ ဒါကရှာပါးပြီးဖြစ်လေ့ဖြစ်ထမရှိတဲ့ရောဂါဆိုပေမဲ့ ခံစားချက်ပျင်းထန်ပြီးထိခိုက်နေတဲ့အချိန်မှာဦးနှောက်ကိုအလုပ်ပေးလိုက်တဲ့အတွက် ကိုမာကြာရှည်ဝင်မဲ့ကာလအစားဒီရောဂါဖြစ်သွားတာပါ"

"ဒါ ဒါဆို ဘယ်လိုပြန်ကောင်းမှာလဲဆရာ "

"ဒါကစိတ်ခံစားချက်ပေါ်မူတည်ပါတယ် နောက်ပြီးဒီကြားထဲဦးနှောက်ကိုလဲအလုပ်သိပ်မလုပ်မိပါစေနဲ့ မေ့သွားတဲ့ကိစ္စတွေကိုဖြည်းဖြည်းချင်းပဲအစဖော်ပေးပါ အကုန်လုံးကိုတပြုံတည်းစဉ်းစားရင်တော့ ရောဂါကပိုဆိုးပြီး ကိုမာပြန်ဖြစ်သွားနိုင်ပါတယ်"

ဂျောင်ဂုကြားရ‌တာတွေအားလုံးကိုမယုံနိုင်ဖြစ်နေသည်။ "မေ့တယ် မေ့တယ်ဆိုတော့ငါကဘာတွေမေ့သွားတာလဲ ကါဘာတွေလုပ်ခဲ့လို့လဲ ပြီးတော့ အကိုနမ်ဂျွန်းကရောဘာလို့ငါ့ကိုမောင်လို့ခေါ်တာလဲ ဘာတွေဖြစ်ခဲ့တာလဲ" ဟူသည့်‌အတွေးတို့ကသာစိုးမိုးနေခဲ့သည်။

ရကိအနည်းငယ်ကြာတော့ဂျောင်ဂုဆေးရုံကဆင်းရသည်။ ဂျောင်ဂုသည် နမ်ဂျွန်းနှင့်သူ့၏ပတ်သက်မှုအားလုံးကိုမေ့သွားခဲ့သည်။ ကင်မ်ဂျီအန်းနှင့်ချစ်သူဘဝ၌နမ်ဂျွန်းအားဂျီအန်း၏အကိုဟုသာသတိရသည်။ နမ်ဂျွန်းအပေါ်ရှိသည့် သူ၏ခံစားချက်များအားလုံးသည် အစဖော်မရအောင်မေ့ပျက်သွားခဲ့သည်။ အကြောင်းမှာ တကယ်မချစ်သည်ကြောင့်လား ချစ်လွန်း၍လားကိုပင်ဝေခွဲမရပေ။ ဂျောင်ဂုအိမ်သို့ရောက်သောအခါ ဂျောင်ဂုနှင့်ဂျီအန်းဟာတရားဝင်လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ယခုအချိန်ထိကလေးမယူဖြစ်သေးကြောင်းကိုသာပြောပြခဲ့သည်။ နမ်ဂျွန်းနဲ့သူ့၏ပတ်သက်မှုအပါအဝင်တခြားသောအကြောင်ူအရာများအား ထိန်ချန်ထားခဲ့သည်။

_______________________________________

အခုမှဆေးရုံကဆင်းခါစမို့သိပ်ပြီးမရေးနိုင်သေးလို့ ရသလောက်လေးရေးလိုက်ပါတယ် အကြာကြီးပစ်ထားမိလို့တောင်းပန်ပါတယ် ဒီရက်ပိုင်းpressureတွေများနေလို့ မရေးဖြစ်တာလဲပါပါတယ် အခုအဆင်ပြေသလိုပြန်upပေးပါမယ်💓

Do you love me? Where stories live. Discover now