Part.1~

8.6K 205 7
                                    

မနက်ခင်းရဲ့ နွေးထွေးလှတဲ့နေရောင် တစ်စွန်းတစ်စဟာ ပြတင်းမှန်ကိုကျော်လွန်ကာ မျက်နှာထက်သို့ ဖြာရောက်လာသည်။ အလင်းရဲ့စူးရှမှု​ကြောင့် အိပ်ချင်နေသေးသောစိတ်အားနိုးထစေရတော့သည်။

အပျင်းကြီးမနေဘဲ ထထိုင်လိုက်ကာ ခေါင်းအားခပ်ဖွဖွ ဖွရင်း တွေးမိလိုက်သည့်အတွေးတစ်ခု ။

"ငါ ဘာတွေလုပ်မိခဲ့ပါလိမ့်"

ဟူး~ လေပူတစ်ချက်မှုတ်ထုတ်ကာ မနက်ခင်းရဲ့နေ့စဥ်ဒူဓ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်လာခဲ့သည်။
ရေဗန်းအားဖွင့်ကာ အကျီများအားချွတ်ပြီးနောက်ရေချိုးနေရင်းဖြင့်ဆက်လက်တွေးတောမိနေသေးသည်။

"မင်းစောလှချီ မင်းစောလှချီ မင်း ရူးလိုက်တာကွာ သူတော့တစ်မျိုးထင်တော့မှာပဲ မင်းကတော့လေ "

မင်းစောလှချီတစ်ယောက် ကိုယ်ခေါင်းကိုသာ ခပ်နာနာထုမိပါသည်။

မနေ့ညက အလုပ်ပါတနာတွေနဲ့ ညစာစားပွဲကျင်းပရင်းသောက်ကြစားကြကာ ည၁၂ထိုးခါနီးမှ အိမ်ပြန်ရောက်လေသည်။ အိမ်မှာက မေမေကလည်းမရှိ ပြည်ပခရီးထွက်တာ နောက်၁လနေမှ ပြန်ရောက်ပေမည်။ အိမ်ထဲသို့ တစ်ယိမ်းတစ်ယိုင် ဝင်ရောက်လာရင်း အိမ်ထဲဝှေ့ကြည့်မိတော့မည်သူမှမရှိ ။ယခုချိန်တော့ အိမ်စောင့်ဖြစ်တဲ့ ဦးကြင်တို့လင်မယားအိပ်လောက်ပြီလေ။ ဟိုကြည့်ဒီကြည့်ကြည့်မိနေရင်းမျက်စိထောင့်တစ်နေရာကနေ အရိပ်တစ်ခုအား တွေ့မိသည်။

သူခိုးများလား အသေချာပြူးပြဲကြည့်မှပဲ အော် သူပဲ!

"အကိုလေး အကိုလေးအဆင်ပြေရဲ့လား"

စိုးရိမ်တကြီးဖြင့်အနားသို့လာကာ တွဲကူပေးနေသောကောင်လေးကို အလိုမကျသော မျက်နှာထားဖြင့် ခပ်တင်းတင်းကြည့်မိသည်။

ထိုကောင်လေး၏ စကားများပင်တုန်ရီသည်ထိ ထိတ်လန့်သွားပုံရသည်။

"အကို အကိုလေး ကျွန်တော် ကျွန်တော်တွဲကူပို့ပေးပါရစေ"

မင်းစောလှချီမှာ သူလေးအားငေးကြည့်နေရုံမှအပ ဘာမှ ပြန်မပြောနိုင်ပေ။

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now