နာကျင်လွန်းနေသောခန္ဓာကိုယ်၏ နေရာအနှံ့၌ ထထိုင်ရန်ပင်အလွန်ခက်ခဲနေ၏။
သူဘာဖြစ်ခဲ့တာလဲ?
ခေါင်းများကိုက်လာသည် ။
ပြီးနောက်ဖြည်းဖြည်းချင်းထိုင်ကာ မိမိကိုယ်ကိုပြန်ကြည့်မိတော့အဝတ်ဆိုသည်ဗလာ။
ဘေးကိုငဲ့ကြည့်မိလေတော့ ကိုဟန်သစ်မောင်။သူ!သူ ငါ့ကို ဘာလုပ်လိုက်တာလဲ
ဘာလို့လဲ!
သူ့ဘဝတစ်ခုလုံးကို စုတ်ပြတ်သတ်သွားအောင် လုပ်ရက်တာလဲ !
ငိုကြွေးချင်သော်လည်း သူငိုရန်ပင်မျက်ရည်များက ထွက်မလာနိုင်တော့ပါ။
ယူကြုံးမရဖြစ်မှုနဲ့ ယုံကြည်မှုလွန်ကဲမှု ဒေါသနှင့် မာန လွန်မဆွဲနိုင်တော့ပါ ။ကုတင်ဘေး၌ကျနေသော အဝတ်တို့အားကောက်ယူဝတ်ကာ ထိုနေရာမှသာပြေးထွက်လာခဲ့သည်။
ထိုနေရာမှ ထိုသူ့ထံမှ ထိုအကြောင်းရာများမှ ပြေးထွက်လာခဲ့သည်မှာ ၆နှစ် ရှိပြီ ။ညတိုင်းမက်နေကြ အိပ်မက်ဆိုးတို့သည်ခုထိကြီးစိုးနေဆဲ ။
ကြမ္မာရယ် ငါ့ကိုဘာဖြစ်စေချင်နေသေးတာလဲ?
°°°°°°
"boss ..bossစုံစမ်းခိုင်းထားတဲ့သတင်းရပါပြီ"
မိမိ(မင်းစောလှချီ)ဘဏ်အကောင့်ထဲမှငွေသိန်း၁၀၀လျော့သွားသည် သည် မသိသာပေသော်ငြား ကလေးသည် အချိန်ခဏလေးအတွင်းဤမျှငွေသုံးမည့်သူမဟုတ်ပေ။
ထို့ကြောင့်ပင် လွှဲသည့်ဖုန်းနံပတ်နှင့် ဒရိုက်ဘာအားအပ်ကာစုံစမ်းရသည်။"အင်း Yan"
စက္ကူစာအိတ်တစ်ခုအားဖွင့်ကြည့်ကာဖြင့် အထဲမှ ပစ္စည်းများအားစိတ်ဝင်စားဟန်
ပစ္စည်းဆိုသည် ပစ္စည်းမဟုတ် ဓာတ်ပုံအချို့နှင့် စာဖိုင်အချို့။"boss တစ်ချိန်က ကြီးကြီးတက်အောင်မြင်ခဲ့တဲ့ HanThit companyရဲ့တစ်ဦးတည်းသောသား companyက ရှယ်ယာစျေးတွေကျပြီး ဒေဝါလီ ခံရခါနီးဖြစ်ပြီး ခုထိ နလန်ပြန်မထူနိုင်ဘူး တည်ထောင်သူဦးဟန်သစ်လင်းကလည်း ဆုံးသွားတာကြာပြီ ခုတော့companyက ပိတ်သိမ်းလုဆဲဆဲပဲ
အကြွေးတွေကလည်းပတ်လည်ဝိုင်းနေတဲ့အပြင် ဟန်သစ်မောင်ကလည်း လက်ဖွာတယ် ပွေလီရမ်းကားတော့ companyကိုလည်း ဘာမှကူညီမဖြစ်ဘူး"
YOU ARE READING
အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)
Romance"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှာအမှန် မင်းကအမှားဆိုရင်လည်း ကိုယ်ဆက်ပြီးပဲ မှားချင်တယ်" မင်းစောလှချီ "အကိုလေးရဲ့သိက္ခာတရား အသိုင်းအဝ...