part.4

2.3K 94 6
                                    

ရှက်ရမ်းရမ်းကာ ပြေးထွက်သွားသည့် ကလေး၏နောက်သို့ မင်းစောလှချီအမြန်ပြေးလိုက်သွားလေသည် ။
အိမ်တော်နောက်ဘက်ရှိ အဆောင်သဘောမျိုး အိမ်ငယ်လေးများသဖွယ်အခန်းထဲသို့ပြေးဝင်သွားတဲ့ကလေးအားတွေ့ကာ နောက်မှ လိုက်ဝင်မိသည်။
ဘေးပြတင်းပေါက်ကို ကြည့်ကာ အပြုံးတစ်ဝင့်ဖြင့် ကြည့်နေသူအားခေတ္တမျှငေးမိပါသေးသည်။

"ဟင့်"

ကျောနောက်မှ ခါးသွယ်သွယ်အား တင်းကျပ်စွာပွေ့ဖက်ကာ ပုခုံးထက်မေးတင်ကာ
ကျီစဟ်နေသူကြောင့် ရင်အဖုံ လှိုက်မောမိသည်မှာအမှန်။

"ငြိမ်ငြိမ်လေး နေပါကွာ"

အလွန်ပျော့ပျောင်းလှသည့်ဖယောင်းပင် အရည်ပျော်ပြရလောက်အောင်ပင်ကိုနှင့်ကွဲပြားလှသည့် အကိုလေး၏အသံကြောင့် ရင်ခုန်မိသေးသည်။

"အကိုလေး"

"ဗျ"

ချစ်လိုက်တာဗျာ ဒီလူသား က ကျွန်တော်အပိုင်တဲ့လား အကိုလေးရယ်

" ကျွန်တော်က်ုချစ်လား"

"ဟ ...ချစ်လွန်းလို့ ဘယ်လိုတောင်လုပ်ရပါ့မလဲဗျာ "

"အဲ့ဒါဆို မခွဲသွားနဲ့နော် ကျွန်တော်ရူးမှာဗျ"

"ကလေးကနှင်လွှတ်တောင် ကိုယ်က ကပ်ပါးကောင်လိုကပ်နေမှာ"

" မနှင်ပါဘူး အကိုလေးရာ"

လို့ဆိုလေတော့ ရယ်သံစွတ်စွတ်ဖြင့် ။

"ချစ်ဖို့ကောင်းလိုက်တာကွာ"
ပြောကာ ပါး မို့အား ခပ်အိအိနမ်းရှိုက်သေးသည်။

လူအား မျက်နှာချင်းဆိုင်အနေထားသ်ု့လှည့်ကာ ပါးမို့မို့လေးအား လက်ဖြင့် အုပ်မိုးကာ နှုတ်ခမ်းဖြားထက်သို့ပူနွေးနွေးသော နှုတ်ခမ်းတစ်စုံတို့ဖြင့် ယစ်မူးစေသေးသည်။
အကိုလေးဟာ ကဏ္ဍစုံမှာထူးချွန်သလို နမ်းတဲ့နေရာမှာလည်း ကျွမ်းကျင်ပါရမီရှင်လိုပင်ဆိုရမည်။

နှုတ်ခမ်းဖြာတို့မှသည် ဖြူဖွေး နုဖက်လှသော ရွှေလည်တိုင်သို့ ယစ်မူး စေချင်သေးတာ ဒါပေမယ့်မဖြစ်ချေ မတော် လူကြီးဝင်လာ မကောင်းချေ။

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now