Part.3

2.7K 117 2
                                    

ယုယခင်နဲ့ သူ့မိသားစု၏ နားကြားမဝံ့သာစကားလုံးတွေကြား ကလေး စိတ်ပင်ပန်းနေသည်ဖြစ်မည်။
သူတို့ပြန်သွားသည်နှင့် ခွေခွေကလေးယိုင်နဲ့သွားသောခန္ဓာကိုယ်လေး ကိုမြင်တွေ့ရသည်မို့ မင်းစောလှချီ ရင်ထဲမသက်မသာ ဖြစ်ရသည်။
ကလေး၏ ခန္ဓာကိုယ်လေးအားပွေ့ချီကာ လှေကားမှတစ်ဆင်းအပေါ်ထပ်ရှိ မိမိအိပ်ခန်းသ်ု့ဦးတည်ခဲ့သည်။

အိမ်အောက်ထပ်မှာရှိတဲ့ ကြီးမေနဲ့ မေမေဟာ လိုက်ကြည့်နေမှန်းသိသော်လည်း အရေးကြီးသည်က ကလေးပင် ။

ကလေး တစ်ခုခုဖြစ်ကြည့် 'ယုယခင် မင်းအသက်ထွက်ဖို့နေရာတောင်မရှိဖြစ်သွားအောင်အမှုန့်ခြေပစ်မယ်'

စိတ်ထဲကျိန်ဆဲနေမိသေးသည်။

အခန်းထဲသို့ရောက်တော့ ပွေ့ချီလာတဲ့ ခန္ဓာကိုယ်သေးသေးလေးအား ကုတင်ပေါ် အသာယာချပေးကာ လှဲစေသည်။

"အကိုလေး"

"အွန် ပြောလေ ကလေး"

"ကျွန်တော်တောင်းပန်ပါတယ်"

"ဘာလို့တောင်းပန်တာလည်းကလေး ကလေးဘာမှားလို့လဲ"

"ကျွန်တော်မှားတာပေါ့ဗျာ ကျွန်တော်မွေးဖွားလာတာ ဖြစ်တည်လာတာ နေထိုင်နေတာ တည်ရှိနေတာ ပြီးတော့...အကိုလေးက်ုချစ်မိခဲ့တာ ကျွန်တော်လိုလူကလေ"

သူကိုယ်သူ လှောင်ရယ်နေပုံဟန်ပြောလာတဲ့ရိုးရိုးလေးကြောင့် မင်းစောလှချီ မျက်ခုံးတို့ပင့်ချိုးနေပေမယ့် မျက်ရည်တွေနဲ့ဆိုလာတဲ့ကလေး ကိုမြင်ရတော့ ရင်ထဲမှာစူးကနဲဖြစ်ရသည်။

"မင်းမမှားပါဘူးကလေးရာ ကိုယ်သိတယ် မင်းလည်းကိုယ့်ကိုချစ်တာ ကိုယ်လည်းမင်းကိုချစ်တယ် ဒါဆိုဘာလိုသေးလဲ "

"ကျွန်တော် ဟင့် ကျွန်တော်ကြောင့်အကိုလေးပြောခံရတာ ဟင့်"

ရှိုက်ပင့်ကာင်ုကြွေးနေသောကလေး၏ ပါးပြင်နုနုကမျက်ရည်များအား ဆက်မကြည့်နိုင်တော့ပါ။

"ကလေး ဘယ်သူတွေဘာပြောပြော ကိုယ်ကတော့ ကလေးပဲချစ်မှာ"

"ကျွန်တော် ..အင့်."

တင်းကျပ်စွာပွေ့ဖက်ခံလိုက်ရတာကြောင့် 'အင့်' ကနဲမြည်အောင်ပင် အသံထွက်မိလေသည်။

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now