Extra2

534 13 3
                                    

ညချမ်းအခါ၏ လရောင်သမ်းသမ်းသည် မည်သည့်မီးရောင်မှပင်မယှဥ်ရဲလောက်အောင်ပင်။
မှောင်နက်သောကောင်းကင်ယံကို တောက်ပလျက်ရှိသောကြယ်အစုံတို့က အလှဆင်နေသယောင်။

"ဒယ်တီ ကြယ်တွေကလှလိုက်တာနော်"

"အွန်း အရမ်းလှတယ်"

ဝင်ဝင်သည် ရိုးရိုး၏ ပေါင်ပေါ်ထိုင်ကာဆိုလိုက်ပုံမှာဖြင့်

" ဖေဖေ"

"အွန်း ဝင်ဝင်လေး"

"ဒယ်တီ(ဒယ်ဒီ)ကလေ ကြယ်တွေလှတယ်သာပြောနေတာ ကြည့်နေတော့ဖေဖေကို "

ရိုးရိုးလေးခမျာ ရယ်ရနိုးနိုးငိုရနိုးနိုး ။ ကလေးပြောရသည်မှာလည်း သူ့၏ ချစ်လှစွာသော မင်းစောမှာ မျက်လုံးပေါက်ထွက်မတတ်ကြည့်နေတာကိုပင်။

"ကို"

"ဗျ"

"ဝင်ဝင်ပြောတာကြားလား"

"ကြားတယ်လေ"
"အဲ့တာဘာဖြစ် ကလေးဘာမှမဖြစ်နဲ့ အဲ့ကောင်ဝင်ဝင် သူ့မှာကြည့်စရာမရှိလိူ့ဖြစ်နေတာ"

"ကိုကတော့လေ"

"အီး ဒယ်တီ မကောင်းဘူး ဟွန့် သားမှာကြည့်ရမယ့်သူရှိပြီးသားပါနော်"

"ဟုတ်လား"

ထိုအရာအားပြောလိုက်သူမှာအံ့သြမင်သက်စွာဖြင့်ရိုးရိုးလေး။

"ဟုတ်ရယ် ဖေဖေ ဟိုဘက်အိမ်က ကိုကိုလေ ဝင်ဝင်ရဲ့အနာဂတ်ဇနီးလေး"

"ဘာ!"

ထိုအသံသည်ကတော့မင်းစောလှချီ ထံမှ ရိုးရိုးကလေးကတော့ အသံပင်မထွက်နိုင်ဘဲ ပါးစပ်အဟောင်းသား။

*၅နှစ်ကလေးလေးကလေ

"ဝင်ဝင်က ကိုကို ကိုသဘောကျ မဟုတ်ဘူး ချစ်တာ"

*အမလေး အားတဲ့ဘုရားဆင်းကယ်ကြပါ

"မင်းအသက်ဘယ်လောက်ရှိသေးလို့လဲကွ"

မင်းစောက ကျောမတ်ကာမေးတော့ပြောလိုက်ပုံက စိတ်ဆိုးစွာ။

"ဝင်ဝင်အသက်က ကိုကို လေ"

*ဒုတိယမ္ပိဗုဒ္ဓေါ

"မင်းတော့ကယ်မရတော့ဘူး"

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now