The end (u/z)

2.8K 74 0
                                    

The End(u)

မနက်မိုးသောက်၏ ရောင်နဲ့နဲ့ အလင်းရောင်သည်လောကတစ်ခွင်ပျံ့လွင့်လို့နေသည်။
ကျေးငှက်တို့သည် လေပြေနှင့်အပြိုင်သီဆိုနေ၏။
ပန်းလေညှင်းကသယ်ဆောင်လာသောလောကကြီး၏နွေးထွေးမှုသည်အတိုင်းဆမဲ့၊
မိုးလင်းသည်နှင့်ချစ်ရသူ၏မျက်နှာအားဦးစွာတွေ့ရသောမနက်ခင်း၏အလှသည် မည်သည်နှင့်မျှမယှဥ်နိုင်။

မျက်ဝန်းအားစေ့စေ့ပိတ်ကာ အိပ်ပျော်နေသော ကလေး၏မျက်နှာလေးသည် လဝန်းငယ်လေးလို ဒါမဟုတ် ပန်းလေးတစ်ပွင့်လို နူးညံလှသည့်အနမ်းနွေးနွေးသည် နဖူးပြင်ထက်၌နေရာယူလေ၏။

"အင်း အဲ ကို အာ့!"

စက်ခနဲရွေ့ကာ ကို့ ဘက်လှည့်ချင်ပေမယ့် ခန္ဓာကိုယ်သည်အလွန်နာကျင်နေ၏။

"ရလား sorryပါကွာ ကို ညကလွန်သွားတယ်"

"ရ ရပါတယ် ဘာမှမဖြစ်ပါဘူး"

ရှက်သွားသည်ထင် စကားထစ်ငင့်ငင့်နှင့် ခေါင်းငုံ့ကာဆို၏။

"လာ ကိုဖက်ထားပေးမယ်"

အနားသို့တိုးကာပွေ့ဖက်ထားမိသည်။သူတို့နှစ်ဦးကြား၌ကြားလေသွေမည်မဟုတ်။
သိပ်ကိုတင်းကျပ်စွာဖက်ထားမိတော့ လက်ကလေးဖြင့်ခပ်ဖွဖွထုကာ

"ကို "

"အာ နာသွားလား တောင်းပန်တယ်နော် ကလေး"

"အင် ရတယ်လို့ပါဆို ဟင့်"

ကို သည်ပြောနေရင်းနှင့်ပင် ခါးသွယ်သွယ်ကြားလက်ဖြင့်ပွတ်သပ်ကာ ထိုလက်တို့၏ဦးတည်ရာသည် အောက်ဘက်ရှိ တင်ပါးထက်သို့

"ဟင့် ကို မနေတတ်ဘူး"

"ကိုယ်တို့လက်ထပ်ပြီးအတူနေတာတောင် ၂နှစ်ရှ်နေပြီ ကလေးကခုထိရှက်တုန်းလား အရှက်သည်းလေးရဲ့"

ပြောကာ လည်တိုင်တို့အားခပ်ဖွဖွ နမ်းရှိုက်၏။

"ကို ကိုကရဲလွန်းတာပါနော်"

"ကိုက ကလေးပေါ်ပဲရဲချင်တာ"

"ဟင့် တော်ပြီနော် ကြီးမေတို့စီသွားရမှာကို"

"ဟာ ဟုတ်သား ရပါတယ် နေ့မစံရတော့ညစံရမှာပေါ့"

"ကို!!"

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now