Extra{U}
(အရင်တင်ပေးဖူးတဲ့အပိုင်းပါပဲ။)
*ဒုတ် ခွမ်! ဂလုံ တုံတုံတုံတုံတုံ *
မင်းစောလှချီတို့အိမ်၏ မနက်ခင်းသံစဥ်သည် ရှုမညီးနိုင်ပင်။
"ဝင်ဝင်!!!" ရိုးရိုး၏ အော်သံကြောင့်ပင် တစ်အိမ်လုံး တန့်ခနဲ!ဖြစ်သွား၏။
"ဖေဖေသားမဟုတ်ဝူး ဒယ်တီီ"
"ဘာဒယ်ဒီလည်း မင်းလုပ်တာလေ"
"ဟုတ်ပါဝူး ဒယ်တီ ပါဖေဖေ"
"ဒီ.."
"တော်ကြစမ်း အားနေရန်ပဲဖြစ်နေကြတာပဲ ဝင်ဝင်ကျောင်းသွားဖို့ပြင် ခုထိ မနက်စာစားလို့မပြီးသေးဘူး မြန်မြန်လုပ် ကို ရော အလုပ်meetingရှိတယ်ဆိုပြီး ခုထိရန်ဖြစ်ကောင်းတုန်း သားအဖနှစ်ယောက်လုံး စားနောက်သွားနောက် သေရင်အရင်သေမှာ"
ရိုးရိုး၏ ပစ်ခနဲနစ်ခနဲပြောသောစကားတွေကြောင့် သားအဖနှစ်ယောက်မှာဇက်ပုပုလေး နှင့် စား စရာရှိတာမြန်မြန်စားကြရ၏။
"ကလေး ကိုသွားပြီ "
"ဖေဖေ ဝင်ဝင်သွားပြီ"
သားအဖနှစ်ယောက် ကိုယ်စီအပြင်ထွက်သွားမှ ဒီလူသည်သက်ပြင်းချရတော့သည်။
ဒါတောင် အချင်းချင်းမျက်စောင်းတစ်ထိုးထိုး။ဒီသားအဖနှစ်ယောက်သည် ဘယ်သောမှ တည့်မည်မဟုတ်။ မွေးထားသည်သည်ကလေးတစ်ယောက်ပေမယ့် တကယ်ကနှစ်ယောက်လိုပင်။
သူတို့တွေသွားကြမှပဲ အိမ်မှုကိစ္စစရ၏။
ဝင်ဝင်သည်စည်းကမ်းရှ်ရန်သေချာသင်ပေးသော်ငြားကလေးပီပီတွေ့ရာနေရာ ကစားစရာတွေချည်းပင်။
အရင်ကသိပ်စည်းကမ်းရှိလှပါသော ကို ပင် သူ့သားနှင့်အပြိုင် ဖွ၏။
လိုက်ရှင်းရသည်မှာမိုးလင်းမှမိုးချုပ်ပင်။
ဒါတောင် ကလေးပင်ပန်းမယ် မရှင်းနဲ့ကရှိသေး။
အိမ်ကိုသာ သူမရှင်းပါလျှင် ဒိုင်နိုဆောပါဝင်ခွေမလားပဲ။
ရှင်းလိုက်ရသည့် အိမ်တွင်းရန်ပွဲ ။ မပြီးဆုံးနိုင်သော သားအဖနှစ်ယောက်ရဲ့ ရန်ဖြစ်သံ။"ဟူးးးးးးမလွယ်ပါလား"
သက်ပြင်းရှည်ကြီးသာချမိပါတော့တယ်။
YOU ARE READING
အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)
Romance"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှာအမှန် မင်းကအမှားဆိုရင်လည်း ကိုယ်ဆက်ပြီးပဲ မှားချင်တယ်" မင်းစောလှချီ "အကိုလေးရဲ့သိက္ခာတရား အသိုင်းအဝ...