part.7

1.5K 59 0
                                    

ပြင်ဦးလွင် တစ်ထောင့်တစ်ည ခရီးမှ ပြန်ရောက်သည်နှင့် မင်းစောလှချီသည် အလုပ်၌သာခေါင်းစိုက်ရတော့သည် ။
ရိုးရိုးကတော့ အိမ်သစ်သို့ ပြောင်းနေရာချနေရသည်မို့ တစ်ပတ်လောက်သည် အခန်းအပြင်အဆင် နှင့်အလုပ်ရှုပ်ရသည်။

သူ့တို့အိမ်ကို သူ့(ရိုးရိုး)အကြိုက်ခရမ်းလွင့်လွင့်လေးနဲ့ပင် ခြယ်မှုန်းထားသည် ။
အိမ်တွင်းအပြင်ဆင်တို့သည်လည်း
ယောင်္ကျားလေးနှစ်ယောက်နေသည်ဟုပင်မထင်ရပေ။

"ကို"

အလုပ်စားပွဲ၌ထိုင်ကာ လက်တော့ထဲခေါင်းစိုက်နေသူကို လှမ်းခေါ်ရသေး၏။

".."

"ကို"

"အင်းကလေး"

"ကို တစ်ခါတစ်လေလေ ကျွန်တော်တွေးမိတယ် "

"......"

"~~"

"ဘာကိုလဲကလေး"

ပြောမလိုနှင့် ပြန်စကားမရောက်သည့် မို့မပြောဘဲစောင့်နေသူအား စကားဆက်ပေးရသေး၏

"ကို ကလေ ကျွန်တော်နဲ့ လက်ထပ်ထားတာလား အလုပ်နဲ့လက်ထပ်ထားတာလားလို့ပါ"

"ဟာကလေးရာ "

"....."

ခပ်တွေတွေလေးသာ ကို ကို ငေးမိသေး၏။
ဒီရက်ပိုင်း မင်းစောလှချီသည် အရေးကြီးသောပရောဂျက်ကြောင့်ပင် အလုပ်ထဲခေါင်းစိုက်နေရ၏ ။မိုးလင်း၆နာရီလောက်အလုပ်သွားပြီးညကြ ၇နာရီပြန် စားသောက်ပြီးသည့်နောက်ပင် ညာဥ့်နက်သည်ထိ လက်တော့နှင့် ချစ်တီတူးနေရ၏။

"ကို ရှာနေတာက ကလေးတွက်ပါကွာကို ပိုင်ဆိုင်မှုတွေက ကလေးအပိုင်ပဲလေ"

"ခုတောင် ကို့ ပိုင်ဆိုင်မှုတွေက စားမကုန်သောက်မကုန်ပါဗျာ"

ခပ်ထွေထွေဆိုတော့ သေချာလေပြီ ချစ်ဆုံးလေးကောက်တော်မူနေပြီ။

အလုပ်စားပွဲမှထလာပြီး ကုတင်ပေါ်၌ကုပ်ပုပ်လေးထိုင်နေသော ကလေး၏လက်ကလေးအားဆုပ်ကိုင်ကာ

"စိတ်မကောက်ပါနဲ့ဗျာ ကို တောင်းပန်ပါတယ်"

"ရပါတယ် ကျွန်တော်နားလည်ပါတယ်"

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now