အတိတ်ရဲ့ထင်ဟပ်မှုဟာမဆိုချင်ပေသော ကြမ္မာသည်တစ်ပတ်ပြန်လည်လာတာလားပင်။
"ဖြေပါ ခင်ဗျားတစ်ကယ် လုပ်ခဲ့တာလား"
တုန်ရီစွာမေးလိုက်သောစကားတစ်ခွန်း၌
နာကျင်မှုတို့သည် ကပ်လျက်ပါနေ၏။"ကျွန်မကိုသာရှင်လာမရှုပ်ခဲ့ရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး ကိုရှေးရိုးရာ "
ဤသို့ခေါ်လိုက်သည့်အခါမှ သူအတွေး၌ ပုံရိပ်များသည်တစ်လက်လက်၊
ရှေးရိုးရာဆိုတဲ့နာမည်ကိုသိတဲ့သူက ဒီကမ္ဘာမှာ အဖေ မေမေနဲ့ အမကလွဲရင်မရှိတာသေချာသည်။
ဒီနာမည်ပျောက်ဆုံးခဲ့တာ ၁၀စုနှစ်ချီနေပြီမလားဒါဆိုသူက...."ယုယခင် ခင်ဗျားတကယ် စက်ဆုပ်ဖို့ကောင်းတာပဲ"
"ဟ! အချစ်နဲ့စစ်မှာမတရားတာမရှိဘူး"
"သူများအချစ်ကိုလုယူရတာက အချစ်တဲ့လား ယုယခင်"
သူ့တို့နှစ်ဦးစကားပြောနေသည်ကိုကြည့်နေကြသော မင်းစောလှချီပါဝင်ဇွဲတေဇဦး ဟန်သစ်မောင်တို့မှာအံသြနေသော်ငြား ခန့်သော်တာရာသည်အံ့သြမနေပေ။
ခေတ္တမျှသာကြာသောအချိန်တွင် မည်သည်မှမပြောသော ခန့်သော်တာရာသည်ဝင်ပြောလာသည်။
"မမနင်လွန်နေပြီမထင်ဘူးလား"
ဘာ _မမ? ဒီမေးခွန်းသည်လူတိုင်း၏ခေါင်းထဲတွင် တစ်ရိပ်ရိပ်
{ကြားဖြတ်ပါရစေ_( ရိုးရိုးလေး၏ယခင်နာမည်သည် ရှေးရိုးရာပါ ။ရိုးရိုးရဲ့အမရှေးမာယာက ယုယခင်နဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။ ခန့်သော်တာရာရဲ့အမက ယုယခင်ပါ။ဒါကြောင့်လဲ တစ်ချက်ခုတ်နှစ်ချက်ပြတ် ခန့်သော်တာရာအနားက ဟန်သစ်မောင်ကိုဖယ်ထုတ်ဖို့ ရိုးရိုးလေးကို ရှင်းပစ်ပြီး မင်းစောလှချီကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တာပါ။}
"နင့်ကြောင့်လေ အမေကထွက်သွားခဲ့တာ အဖေကလည်း ပစ်ထားတာတောင် နင့်အတွက်နောင်တရဖို့မလုံလောက်ဘူးလား"
"ဟ! နောင်တ! မရဘူး ငါ့ဘဝမှာငါလိုချင်တာကိုရအောင်ယူမှာ"
ကယ်မရနိုင်တော့ဘူး ။မမဟာ လုံးဝစုံလုံးကန်းနေပြီ။
YOU ARE READING
အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)
Romance"ကိုယ်မင်းကိုချစ်လို့ ဂုဏ် ကျမယ် ဆင်းရဲမယ် အနှိမ်ခံရမယ် ဆိုရင်တောင်ဂရုစိုက်နေမယ်ထင်လား ကိုယ် မင်းကိုချစ်မိတာဟာအမှား ဆိုရင်တောင် ကိုယ်ဆက်မြတ်နိုးမိမှာအမှန် မင်းကအမှားဆိုရင်လည်း ကိုယ်ဆက်ပြီးပဲ မှားချင်တယ်" မင်းစောလှချီ "အကိုလေးရဲ့သိက္ခာတရား အသိုင်းအဝ...