part.2

3.4K 164 6
                                    

ယခင်နေ့များကဆိုရင် ညနက်ထိတောင် အလုပ်တွေလုပ်နေတတ်သည့်မင်းစောလှချီတစ်ယောက် ယနေ့များထူးဆန်းလှပေသည်။ ရုံးဆင်းချိန် ၅နာရီတောင်မထိုးသေး ၃နာရီလောက်ထဲက ဖင်တကြွကြွနှင့်။
မကြာမီပင် ၄နာရီနှင့်၁၅မိနစ် အလုပ်တွေအားလုံးအမြန်လက်စသတ်ကာ အိမ်သို့သာခြေသုတ်နှင်တော့သည်။ အလုပ်သမားများသည်လည်း သူတို့သူဌေး၏ယနေ့ပုံစံကြောင့်ကြောင်အအ ပင်ဖြစ်နေသည်။

မင်းစောလှချီ အိမ်သို့ပြန်ရောက်သည်နှင့်အရင်ဆုံး ရှာမိသည်က ကလေးကို ပင်။

သိပ်မရှာလိုက်ရပါဘူး။
စားပွဲရှိ စာအုပ်များအားစီရီနေသည်လေ။

" ရိုးရိုးကလေး မင်းပြီးရင် နို့ ခွက်ယူပြီး အပေါ်တက်ခဲ့"

အသံခပ်မာမာဖြင့်ပြောကာအပေါ်ထပ်တက်သွားသော မင်းစောလှချီ ကြောင့်ပင်ရိုးရိုးတစ်ယောက် စဥ်းစားရခက်သွားရသည်။

အနည်းငယ်အသံကျယ်ကျယ်ပြောတာကြောင့် မီးဖိုခန်းမှ ကြီးမေမှာကြားသွားလေသည်။

"ရိုးရိုး လေး သားစောမကြိုက်တာ ဘာလုပ်ထားသေးလဲကွယ် ပြောပုံအရဆို စိတ်တိုနေတယ်ထင်တယ်ကွဲ့ ပြီးရင် နို့ခွက်ယူပြီးသွားလိုက်အုံး စိတ်ပိုမဆိုးစေနဲ့အုံး နော်"

"ဟုတ်ကဲ့ပါ ကြီးမေ"

အကိုလေး ဘာတွေဖြစ်နေပြန်ပါလိမ့် ။

မနက်ကပဲ ချစ်ပါတယ် ကြိုက်ပါတယ်နဲ့  အခု ကြ အော်ဟစ်ဆူပူနေလို့ နားမလည်တော့ဘူး။

စိတ်အနည်းငယ်ငြူဆူဆူဖြင့် ကြီးမေပြင်ပေးသောနွားနို့ခွက်အားကိုင်ကာအပေါ်ထက်သို့တက်လာခဲ့သည် ။

အကိုလေးရဲ့အခန်းရှေ့ရောက်တော့ တံခါးအား၃ချက်လောက်ခေါက်ပြီး။

*ဒေါက်**ဒေါက်**ဒေါက်*

"အကိုလေး ကျွန်တော်ပါ"

"လော့မချထားဘူးဝင်ခဲ့" ခပ်အေးအေးအသံဖြင့်ဆိုလာသူကြောင့် ရင်အဖုံမောရပြန် သည်။

တံခါးအားဖွင့်ကာ အခန်းထဲဝင် လာခဲ့လိုက်သည်။
အကိုလေးအခန်းအားရောက်ဖူးသည်မှာ

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now