part.6

1.9K 68 2
                                    

ဆောင်းဦးရဲ့သညာဖြစ်တဲ့ နှင်းမှုန်စက်တို့ဟာဖြန့်ကျက်လို့လာသည်။
တောင်ပေါ်ဒေသ၏အအေးဓာတ်ဟာ အသည်းထဲထိစွဲထင်စေသယောင်
မြူနှင်းမှုန်သဲ့သဲ့ဟာ ချစ်ရသူနဲ့မို့ပို လှပနေသလိုပင်။

"ကို"

"ဗျာ"

မင်း​စောသည် ရိုးရိုးဒီလိုခေါ်တိုင်းထူးသော လျှင် ရင်ခွင်အစုံလှိုဏ်ဖိုရသည်ယ

"ရောက်ပြီလားဟင်"

"အင်းရောက်ခါနီးပြီ အိပ်ချင်ဆက်အိပ်လေ ရောက်ရင်ကို နှ်ုးမယ်"

"ရပါတယ် မအိပ်ချင်တော့ပါဘူး"

"အင်း"

လူတိုင်း လက်ထပ်ပြီးသည့်အခါ ဟန်းနီမွန်းထွက်ကြသည်မလား။
ဒီခရီးကလည်း သူတို့အတွက်ဟန်းနီးမွန်းဟုဆို၍ပင်ရသည်။
လက်ထပ်ပွဲပြီးသည်နောက်နေ့ မနက်မှသည် ညမိုးချုပ်သည်ထိ အလုပ်သည်မပြတ် ခရီးထွက်ဖို့ရယ် လက်ထပ်ပွဲမှာလပ်ခဲ့တဲ့အလုပ်တွေကို ဖြည့်လုပ်ရသည်မို့ ကြားတည်းမှ အိမ်သားလေးကလည်း အပြင်သွားခွင့်မပေးလို့ကောက်တော်မူ ဒီမနက်မှ ခရီးသွားမှာမို့ ပြေသည်ထင်ရသည်။သူ ဒီကလေးကိုချစ်လို့သေမှာပဲ။

________________

မန္တလေးအနီး ပြည်ဦးလွင်တစ်ဒေသ၏ နေရာသို့ ရောက်ရှိလာခဲ့သည် ။

နန်းမြိုင်ဟိုတယ်၌ဘိုကင်ယူထားသောကြောင့် တည်းရမည့်နေရာ စိတ်ပူစရာမလို​ေပ။ဒါကလည်း မင်းစောကစီစဥ်ပေးထားသည်မလား ။
ရောက်သွားသည့်အချိန်သည် ညနေ၃နာရီလောက်ဖြစ်သော်လည်း ဟို ကိစ္စဒီကိစ္စ အခန်းရှာရနှင့် ညနေ ၅နာရီမှအခန်းထဲနားရသည်။ တစ်လမ်းလုံးအိပ်လာသည့်အိပ်ပုတ်ကလည်း အင်းအင်းအဲအဲ နှင့်နိုးလာသောလည်း မျက်လုံးများဖွင့်ချင်သေးပုံမပေါ်။

" ကလေး "

" ကို ရောက်ပြီလား"

"အင်းရောက်ပြီအိပ်ပုတ်လေးထတော့"

ဒါတောင် အခန်းရှာသည်ကလည်း ကိုယ်ပါပဲ သူကတော့ ဧည့်ဆိုဖာမှာမှေးနေတုန်းပင်။

"ကျွန်တော် မအိပ်ပါဘူး မှေးရင်းအိပ်ပျော်သွားတာ"

လို့ဆိုရင်းပြုံးပြသောကလေးငယ်က သိပ်ဖြူစင်လွန်းသည်ါ

အချစ်ဆုံးမို့...ပြောပြချင်သည်{Complete)Where stories live. Discover now