"နာရီလက်တံ ၃နာရီစွန်းစွန်းမှာ တစ်ယောက်
၄၅° မှာတစ်ယောက် သတိထား
သေနတ်တွေပါတယ်""အင်း ဂွန်းဝုရော ရှိသေးလား"
"ထယ်ရယ်ဟျောင်းရဲ့ ၆နာရီမှာ ရှိနေတယ်"
"ဂျီအွန်း ဟျောင်းလ်က ဘယ်ရောက်နေတာလဲ"
"ဒီနားခနဆိုပြီး ထွက်သွားတာပဲ"
"ဟုတ်ပြီ ကလေးတို့ ဖိုက်တင်း"
"ဖိုက်တင်း" "ဖိုက်တင်း"
ထယ်ရယ်တို့သည် ဌာနချုပ်၏ ခိုင်းစေမှုအရသာ
ဒူဘိုင်းရောက်နေတာ ဖြစ်သည်။ ဒူဘိုင်းရှိလေလံပွဲတွင်
နတ်ဘုရားမျက်လုံးအား ထုတ်ရောင်းတော့မည်ဟု
သိသိချင်း ဌာနချုပ်သည် ထိုင်းနိုင်ငံသို့ စေလွှတ်
ခံရတော့မည့် ထယ်ရယ်တို့ အဖွဲ့အား ဒူဘိုင်းသို့
ချက်ချင်း ပို့ထည့်လိုက်သည်။အားလပ်ရက်တွင် ဖူးခက်တွင်အပီအပြင် ဇိမ်ခံမည်
စဉ်းစားနေသော ထယ်ရယ်၏ စိတ်ကူးလေးသည်
ရေစုန်မျောသွားပြီဖြစ်သည်။ထယ်ရယ်တို့အဖွဲ့တွင် တိုက်ခိုက်ရေးတော်သည့်
ပတ်ဂွန်းဝုဆိုသည့် ကောင်လေးနှင့် ကင်မ်ဂျီအွန်း
ဟုအမည်ရသော အကိုတစ်ယောက်အပြင်
Hacker လေး ဟန်ယူဂျင်းနှင့် ထယ်ရယ်
အပါအဝင် ၄ယောက်ရှိသည်။ထယ်ရယ်နှင့်ဂျီအွန်း
ဟျောင်းလ်ကတော့ အသွင်ယူခြင်းတွင်
ကျွမ်းကျင်ပြီး ဘယ်ဣတ္ထိယ မဆို ထယ်ရယ်၏
ပါးချိုင့်တွင် ကျဆင်းလေ့ရှိသောကြောင့် စစ်ဆင်ရေးအတွက် သတင်းအချက်အလက်များကို အလွယ်တကူ
ပင်ရလေ့ရှိသည်။ထယ်ရယ်တို့အဖွဲ့သည် Interpol ၏ ထိပ်တန်းအဖွဲ့zb1 လို့ပြောလိုက်သည်နှင့် မြေအောက်
လောကတွင် မသိသူမရှိသလောက်ပင် ဖြစ်သည်။နတ်ဘုရားမျက်လုံးသည် အာကသထဲသို့ လွှတ်တင်ထားသမျှ ဂြိုလ်တုများထံ hack ၍ဝင်ရောက်နိုင်ပြီး
ကမ္ဘာပေါ်ရှိ တည်နေရာ၊ လူပုဂ္ဂိုလ်၊ အင်တာနက်သတင်းအချက်အလက်များကို အချိန်တိုတွင်းရှာနိုင်ပြီး
အကြမ်းဖက်သမားများ အတွက်တော့ မျက်စိကျ
ချင်စရာ ပစ္စည်းပင်။Burj khalifa တွင် လေလံပွဲစမည် ဖြစ်သဖြင့်
ထယ်ရယ်သည် ထိုတာဝါ ထံသို့ ချီတက်ရမည်ဖြစ်သည်။